၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ် တည်ရှိကြောင်း NLD ထုတ်ပြန်

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ် တည်ရှိကြောင်း NLD ထုတ်ပြန်

၂၀၀၈ ဖွဲ့စည်းပုံတည်ရှိနေသမျှ ကာလပတ်လုံး ၎င်းတို့၏ လွှတ်တော်ကိုယ်စားအဖြစ် တည်ရှိမှုကို မည်သူတစ်ဦးကမျှ ရုတ်သိမ်းခွင့်မရှိကြောင်း  ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အနိုင်ရ NLD လွှတ်တော်ကိုယ်စားများက သတင်းထုတ်ပြန်သည်။

" ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှ မည်သည့်အချက်နှင့်မှ ငြိစွန်းအကျုံးဝင်ခြင်းမရှိသောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအဖြစ် တရားဝင် အခိုင်အမာတည်ရှိနေကြသူများဖြစ်ပြီး ကျွနုပ်တို့၏ရာထူး၊ တာဝန် သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ တာဝန်ထမ်းဆောင်သည့်နေ့မှ ငါးနှစ်ပြည့်သည်အထိဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအာဉာတည်နေသ၍ ကာလပတ်လုံး ကျွန်ုပ်တို့၏ ထိုတည်ရှိမှုနှင့် ရာထူး တာဝန် သက်တမ်းကို မည်သူကမျှ (မည်သူကမျှ) ငြင်းပယ် ရုပ်သိမ်းခွင့် မရှိပါ။" ဟု၍ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွေးကောက်ခံကိုယ်စားလှယ် ၃၉၀ ဦး ပူးတွဲ လက်မှတ်ရေးထိုးထားသော ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများအားလုံးပြန်လွှတ်ပေးရေးနှင့် တတိယအကြိမ် လွှတ်တော်ခေါ်ယူမှုအား ပိတ်ဆို့ထားခြင်းကို ရပ်ဆိုင်းရန်လည်း တောင်းဆိုထားသည်။

 အာဏာသိမ်းသည့် စစ်အစိုးရကိုဆန့်ကျင်ကန့်ကွက်ကြောင်းနှင့်ပြည်သူများနှင့်အတူ လက်တွဲကာ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ယခု လုပ်ရပ်သည် ဖွဲ့စည်းပုံကိုပင် ချိုးဖောက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

 မိမိတို့၏ သမ္မတကို ဦးဝင်းမြင့်အဖြစ်သာ မှတ်ယူကြောင်းနှင့် မဲစာရင်းမှားယွင်းခြင်းကို အကြောင်းပြကာ နိုင်ငံ့အာဏာသိမ်းယူမှုသည် ပြည်သူများ၏ အချုပ်အခြာကို ထိပါးစော်ကားခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...