ထိန်းသိမ်းခံ မွန် လွှတ်တော် ကိုယ်စားလှယ်များ နေရပ်ပြန်လာ

ထိန်းသိမ်းခံ မွန် လွှတ်တော် ကိုယ်စားလှယ်များ နေရပ်ပြန်လာ

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် မွန်ညီညွတ်ရေးပါတီ (MUP) မှ လွှတ်တော် ကိုယ် စားလှယ် ၅ ဦး ဖေဖော်ဝါရီ ၃ ရက်နေ့ (ယနေ့) နံနက်တွင် နေရပ်ပြန်လာကြပြီဟု လွှတ်တော်ကိုယ်စားလှယ်များ က ပြောသည်။

မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦး တို့ သည် တတိယအကြိမ်လွှတ်တော်တက်ရန် နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ ရောက်ရှိနေစဉ် အာဏာသိမ်း တပ်မတော်၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေတွင် စည်ပင်ဧည့်ရပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်များအားလုံး  နေရပ်ပြန်နိုင်ပြီး ဖြစ်ကြောင်း တပ်မတော်မှ လာရောက်ပြောကြားခဲ့သည်ဟု မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင် က ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်ကကိုယ်စားလှယ်တွေ ဒီအချိန်ကနေစပြီး မနေ့က ၄ နာရီခွဲလောက်မှာပေါ့ ပြန်ချင် ရင် ပြန်လို့ရပါပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ် ပြန်ကြပါဆိုပြီး လာပြောတယ်၊ အဲလိုလာပြောတော့ ပြန်ကြတာပေါ့ မနေ့ကလည်း အများကြီး ပြန်သွားကြတယ်။ ကျနော်တို့ MUP ကိုယ်စားလှယ်တွေကတော့ ဒီနေ့မနက်မှ ပြန် ကြတယ်၊ အခြားတိုင်းရင်းသားပါတီတွေလည်း ပြန်ကြတယ် ကျွန်တော်တို့နဲ့ တစ်ဆောင်တည်းရှိနေတဲ့ ပါတီ တွေလည်း ပြန်ကုန်ကြတယ်” ဟု နိုင်စံတင် က ပြောသည်။

တပ်မတော်မှ လွှတ်တော်ကိုယ်စားလှယ်များအားလုံး  နေရပ်ပြန်နိုင်ပြီးဖြစ်ကြောင်း လာပြောပြီးနောက် ချက် ချင်းပြန်သွားကြသည့် ကိုယ်စားလှယ်များလည်းရှိသည်ဟု စည်ပင်ဧည့်ရိပ်သာရှိ ကိုယ်စားလှယ်များထံမှ သိရ သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်တွင် အခြားတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလည်း ပြန်ကြသည်ဟု နိုင်စံတင် က ပြောသည်။

မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ ပြန်ကြသည့်အချိန်တွင် စည်ပင်ဧည့်ရိပ်သာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်များ ကျန်ရှိနေသေးကြောင်း ၎င်းတို့အနေဖြင့် ပြန်မပြန်ဆိုသည်ကို မသိ ဘူးဘူးဟု လည်း မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ က ပြောသည်။

စည်ပင်ဧည့်ရိပ်သာတွင် ကျန်ရှိနေသည့်ကိုယ်စားလှယ်များအားလုံး ၂၄ နာရီအတွင်း ဧည့်ရိပ်သာမှ ထွက်ခွာ ပေး ရန် တပ်မတော်မှ ယနေ့နံနက် ၁၀ နာရီခန့်က ထပ်မံလာရောက်ပြောကြားထားသည်ဟုလည်း ကိုယ်စားလှယ် အချို့၏ ပြောကြားချက်အရ သိရသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...