ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည် ပေါင်းစည်းရန် KCG တောင်းဆို

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည် ပေါင်းစည်းရန် KCG တောင်းဆို

နေပြည်တော်တွင် တပ်မတော်က အာဏာသိမ်းယူမှု ဖြစ်ပွားချိန်တွင် KNU ထိန်းချုပ်နယ်မြေများကို ကာကွယ်ရန်အတွက် ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများ တစ်စုတည်းပြန်လည်ပေါင်းစည်းရန် KNU Concerned Group က တိုက်တွန်း တောင်းဆိုလိုက်သည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ကရင်နယ် ခြားစောင့်တပ် BGF တို့ကို KNU/KNLA နှင့် ပြန်လည်ပူးပေါင်းရန် KNU Concerned Group က တိုက်တွန်း တောင်းဆိုထားခြင်း ဖြစ်သည်။

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအ ကျင်း အခြေအနေများကြောင့် တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစည်းရန် လိုအပ်သည့်အတွက် တိုက် တွန်း တောင်းဆိုရခြင်းဖြစ်သည်ဟု KUN Concerned Group က ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသား အစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ (ဟောင်း) ပဒိုနော်စီဖိုးရာစိန် က ပြောသည်။

“အခုအချိန်မှာကတော့ ကျမတို့ အထူးသဖြင့်ပေါ့ ကျမတို့ ကရင်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေရယ်၊ အရင်က ကျမတို့ အုပ်ချုပ်ရေးနယ်မြေကို ကျမတို့ ချထားတဲ့ ကော်သူးလေ နယ်မြေကို ကျမတို့ ကာကွယ်ပြီးဖို့ ကာကွယ်ပြီးတော့ အုပ်ချုပ်ရေးစနစ်ကိုလည်း ကျမတို့ ဆက်လက်ပြီးတော့ ထိန်းသိမ်း ကာ ကွယ်ဖို့ လိုအပ်နေတယ်။ အဲဒါကြောင့် ကျမတို့ ဖော်ပြတာဖြစ်တယ်။ အဲဒါကြောင့် ကျမတို့ ကရင်လက်နက် ကိုင် အဖွဲ့အစည်းအသီးသီးကပေါ့လေ ဒါကို အရေးကြီးတဲ့ အချိန်အခါဖြစ်တယ်။ ပြည်သူလူထုကို ကျမတို့ အုပ်ချုပ်ရေးနယ်မြေကို အုပ်ချုပ်ရေး စနစ်တွေကို ကာကွယ်နိုင်ဖို့အတွက်ပေါ့ အဲဒါ KNLA နဲ့ ပြန်လည် ပူး ပေါင်းဖို့ အဲဒါကလည်း ကျမတို့ တောင်းဆိုတာ ဖြစ်တယ်။”

ရွေးကောက်ပွဲတွင် အနိုင် ရရှိထားသည့် NLD အစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူလိုက် သည့်အပေါ် ပြင်းထန်စွာ ရှုံ့ချကန့်ကွက်သည်ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့ KNU Concerned Group ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့အတူ တပ်မတော်မှ ယခုကဲ့သို့ စစ်အာဏာ သိမ်း၍ ဖွဲ့စည်းလိုက်သည့် အုပ်ချုပ်ရေး လုပ်ငန်းများကို မိမိ တို့ KNU Concerned Group မှ လုံးဝလက်မခံကြောင်းနှင့် ကရင့်တော်လှန်ရေး နယ်မြေအတွင်း မိမိတို့ KNU ကရင်အမျိုးသား အစည်းအရုံးမှ ချမှတ်ခဲ့သည့် ကော်သူးလေ အုပ်ချုပ်ရေး စနစ်နှင့်အညီ ကိုယ်ပိုင်ပြ ဌာန်းခွင့်ကို အခြေခံ၍ ဆောင်ရွက်ထိန်းသိမ်း ကာကွယ်သွားမည် ဖြစ်ပါသည်ဟု KNU Concerned Group ထုတ်ပြန်ချက် ဆိုသည်။

“KNU နယ်မြေမှာရှိနေတဲ့ တပ်မဟာ ၇ ခုရှိတာပေါ့ တပ်မဟာ ၇ ခု ခရိုင် ၇ ခုမှာ တစ်ချို့က တပ်မဟာ ၄ မှာ ဆိုရင် တနင်္သာရီတိုင်းမှာ ရှိနေတာပေါ့လေ ဒါပေမယ့် ကရင်အများစု နေထိုင်တဲ့ ဒေသတွေဖြစ်တယ်။ တပ် မဟာ ၃ မှာ ဆိုရင်လည်း တကယ်ကြည့်မယ်ဆိုရင်လည်း အရင်က အစိုးရက လုပ်ခဲ့တာတော့ ဒါက ပဲခူး တိုင်းဒေသဖြစ်တယ်။ ဒါပေမယ့် ကျမတို့ KNU အုပ်ချုပ်ရေးစနစ်ကို ဖော်ပြတာကတော့ ဒါကတော့ ကျမတို့ KNU အုပ်ချုပ်မှုအောက် မှာရှိတယ်။ ကျမတို့ ပြောတာ KNU အုပ်ချုပ်မှုက ကော်သူလေး အုပ်ချုပ်မှု အောက်မှာရှိတယ်။ အဲဒါ တပ်မဟာ အသီးသီးတွေက ကရင်ပြည်နယ် တစ်ခုတည်း မဟုတ်ပေမယ့် ဒါက တော့ ကျမတို့ အုပ်ချုပ်ရေးစနစ်ကို KNLA က ချထားတာ ဖြစ်တယ်။ ကော်သူးလေ အုပ်ချုပ်မှု စနစ်ပေါ့ ဒါကို ကျမတို့ ပြောချင်တာဖြစ်တယ်။ အဲဒါကြောင့် ဒါကိုလည်း အရင်က အုပ်ချုပ်မှုစနစ်ကို ဒါကိုပြန်ပြီးတော့ ကျမတို့ ဒါကိုထိန်းသိမ်း ဖို့ အဲဒါကျမတို့ ပြောတာဖြစ်တယ်” ဟု ပဒိုနော်စီဖိုးရာစိန် က ပြောသည်။

ထို့အပြင် တပ်မတော်မှ စစ်အာဏာသိမ်းသည့် စစ်အစိုးရအား နိုင်ငံတကာ အသိုင်းအဝိုင်းများမှ အသိ အမှတ် မပြုပါရန် KNU Concerned Group အလေးအနက်တိုက်တွန်းထားသည်။

ပဒိုနော်စီဖိုးရာစိန်က “နောက်တစ်ချက်ကတော့ ကျမတို့ လက်ရှိ အာဏာရှင်ပေါ့နော စစ်အာဏာရှင်က စစ် အာဏာသိမ်းပြီးတော့ သူတို့ ဖွဲ့ထားတဲ့ အစိုးရ လုပ်ဆောင်ချက် အားလုံးကတော့ ဒါက ကျမတို့ တရားဝင် မှု မဟုတ်ဘူး။ အဲဒါကတော့ ပြည်သူလူထုတွေ အားလုံး ဒါကို ဆန့်ကျင်ပြီးတော့ ကာကွယ်ဖို့ ဒါကို ကျမတို့ တောင်းဆိုတာ ဖြစ်တယ်။ ကျမတို့လည်း ပြည်သူလူထုနဲ့ ရပ်တည်ပြီးတော့မှ အာဏာရှင်စနစ် တွေကို အဲဒါ အားလုံးဆန့်ကျင်ကန့်ကွက်ဖို့ တစ်ခုပြီးတော့ နောက်တစ်ခုကတော့ နိုင်ငံတကာတွေက လက်ရှိမြန်မာပြည် ရဲ့ အာဏာသိမ်းပြီးတော့ ဖွဲ့ထားတဲ့ အစိုးရတွေကို ဒါကို တရားဝင်မှု မဟုတ်ဘူး။ အဲဒါကြောင့် လက်မခံပြီး တော့ ဒါကို တရားဝင်မှု အနေနဲ့ လက်ခံဖို့ မလုပ်ရန် အဲဒါကျမတို့ ဒါကိုလည်း တောင်းဆိုတာဖြစ်တယ်” ဟု ပြောသည်။

NLD ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံသော်လည်း အပြုသဘောဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအား ပြင်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်မှ စ၍ ရွေးကောက်ပွဲဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် လည်း အပြတ်အသတ်အနိုင်ရခဲ့ကာ လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းတွေ့ရသည် ဟု ပဒိုနော်စီဖိုးရာစိန် က ပြောသည်။

ထို့နည်းအတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှလည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA အပေါ် အခြေခံ၍ နိုင်ငံရေး ဆွေးနွေးပွဲမှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်အတွင်း၌လည်းကောင်း NCA စာချုပ်ကို အခြေခံ၍ သော်လည်း ကောင်း ပြင်ဆင်၍ လုံးဝမရနိုင်ကြောင်းကို သက်သေပြနေပြီဖြစ်သည်ဟု KNU Concerned Group ပြော ရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် KNU Concerned Group ကို ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ဟောင်း ပဒို နော်စီဖိုးရာစိန် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သော ၎င်း တို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက်များကို နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ သဘောထား ထုတ် ပြန်မှု များပြုလုပ်သည့်အဖွဲ့ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...