Published
Wednesday, February 03, 2021
ပြည်သူထိခိုက်သေဆုံးမှုရှိတဲ့ တပ်မတော်တိုက်ခိုက်မှုရပ်တန့်ရေး နိုင်ငံတကာဖိအားပေးဖို့ ကရင်တွေတောင်းဆို (ဖေဖော်ဝါရီလ ၀၃၊ ၂၀၂၁)
- အရပ်သား ထိခိုက်သေဆုံးမှုတွေရှိနေတဲ့ ကရင်ပြည်နယ်ထဲက တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့အတွက် နိုင်ငံတကာကဖိအားပေးဖို့ ပြည်ပရောက် ကရင်တွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
- UNESCO ကို တင်သွင်းမဲ့ ကရင်ရိုးရာဒုံးအက စုပေါင်းတင်ဆက်ကပြမှု အခမ်းအနားကို ဖားအံမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
- ကေအဲန်ယူူထိန်းချုပ်နယ်မြေထဲက တပ်မတော် တပ်စခန်းတိုးချဲ့မှု ရုပ်သိမ်းရေးတွေနဲ့ပတ်သက်ပြီး လတ်တလော စစ်ရေးတင်းမာမှုတွေရှိလာတဲ့အထိ ဖြစ်လာပါတယ်။ ဒီကိစ္စကို နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေက တွေ့ဆုံဖို့လိုတယ်လို့ဆိုပါတယ်။






