RCSS/SSA နှင့်TNLA ထိတွေ့မှု ဖြစ်မည်ကိုစိုးရိမ်သဖြင့် စစ်ဘေးကြိုရှောင်နေရ

RCSS/SSA နှင့်TNLA ထိတွေ့မှု ဖြစ်မည်ကိုစိုးရိမ်သဖြင့် စစ်ဘေးကြိုရှောင်နေရ

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာအနီးတွင် လက်နက်ကိုင်များ ရောက်ရှိနေသဖြင့် တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံများ စစ်ဘေးကြိုရှောင်နေရကြောင်း ထ စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ (၁၁) ရက် ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာအနီးရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ရောက် ရှိနေလာသဖြင့် ရွာသားများ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ နေရပ်စွန့်ခွာပြီး ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ကော်ပေါင်းကျေးရွာ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“RCSS တွေ ရွာအနီးရောက်နေလို့ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်လို့ ထွက်ပြေးလာခဲ့တယ်။” ဟု ထွက်ပြေးလာသည့် ဒေသခံ တစ်ဦး ကပြောသည်။

RCSS/SSA သည် ကော်ပေါင်ကျေးရွာအနီးရှိ TNLA ထိန်းချုပ်နယ်မြေ ထဲသို့ ရောက်ရှိလာသဖြင့် ရွာသားများ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း၊ တပ်၂တပ် နီးကပ်နေသဖြင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်း ၎င်းနေရပ်သို့ ထွက်ပြေးခဲ့ကြောင်း အမျိုးသားက ပြောသည်။

အဆိုထွက်ပြေးလာသည့် ရွာသားများသည် ကျောက်မဲမြို့သို့ ထွက်ပြေးလာမည်ဖြစ်ပြီး ထွက်ပြေးလာသည့် လူဦးရေ မသိရှိရသေးကြောင်း၊ စာရင်းကောက်နေဆဲ ဟု ကျောက်မဲမြို့တွင် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

“တပ်တွေလည်း ရောက်နေတယ်လို့ကြားတယ်။ တိုက်ပွဲထပ်ဖြစ်ရင် ခက်မယ်။ ထွက်ပြးလာတဲ့ သူတွေ ထပ်တိုးလာမယ်။ စားနပ်ရိက္ခာ ခက်ခဲလာမယ်” ဟု က ကျောက်မဲဒေသခံ စစ်ဘေးရှောင် ကူညီနေသည့် တဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းရာမှာ ယနေ့ မြေပြင် အခြေနေကို မသိရှိရသေးကြောင်း ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ၂ပတ်နီးပါးဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ (RCSS/SSAနှင့် TNLA)တိုက်ပွဲတွင် TNLA လှုပ်ရှားသည့်နယ်မြေ တချို့ကို RCSS/SSA က ဝင်ရောက်ထိန်းချုပ်လိုက်သည်ဟု သတင်းရရှိသည်။

RCSS/SSA နှင့် TNLA တို့သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၂၅) ရက်မှ စတင်ဖြစ်ပွားသည့် တိုက်ပွဲသည် ၂ ပတ်ကျော် ကြာသည့်အထိ စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ရှောင်များ (၃၀၀၀) ကျော် ရှိလာကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...