ဒေသခံမဟုတ်တဲ့ စည်ပင်ဝန်ထမ်းခေါ်ယူမှု ကို ပြန်လည်စိစစ်ပေးဖို့ ဒေသခံတချို့တောင်းဆို / စည်ပင် အင်ဂျင်နီယာ ဝန်ထမ်းခေါ်ယူမှု ပြန်လည်စိစစ် ပေးဖို့ တင်ပြမှုရှိနေ

ဒေသခံမဟုတ်တဲ့ စည်ပင်ဝန်ထမ်းခေါ်ယူမှု ကို ပြန်လည်စိစစ်ပေးဖို့ ဒေသခံတချို့တောင်းဆို / စည်ပင် အင်ဂျင်နီယာ ဝန်ထမ်းခေါ်ယူမှု ပြန်လည်စိစစ် ပေးဖို့ တင်ပြမှုရှိနေ

ဦးမြာ — နန်းမယ်ခုံမြို့ စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းဖို့ ခေါ်ယူခဲ့တဲ့ လစ်လပ်ရာထူးနေရာတွေထဲက အငယ်တန်းအင်ဂျင်နီယာ ၄ ရာထူးနေရာကို ပြန်လည်စိစစ်ပေးဖို့ ဇန်နဝါရီလ ၄ရက်နေ့က လက်မှတ်ရေးထိုးတင်ပြလာတာ ရှိပါတယ်။

အငယ်တန်းအင်ဂျင်နီယာ ၄ ရာထူးကို ဒေသခံမဟုတ်ပဲ တခြားပြည်နယ် ကသူကို ရွေးချယ်ခန့်ထားလိုက်တာကြောင့် အခုလို ပြန်လည်စိစစ်ဖို့ တောင်းဆိုရခြင်းဖြစ်တယ်လို့ မြို့မကယန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟင်နရီက ပြောပါတယ်။

နန်းမယ်ခုံ မြို့ ဒေသခံတွေဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဈေးကော်မတီ၊ ရပ်မိရပ်ဖ၊ ရာအိမ်မှူး၊ ရပ်ကွက်မှူးစတဲ့ လူ ၁၇ယောက်ပါဝင် လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာတွေကို တင်ပြထားတာဖြစ်ပါတယ်။

“ကယားပြည်နယ်အတွင်းမှာ ဒီဘွဲ့ရပညာတတ်သားသမီးတွေအများကြီးရှိတယ်။ အဲ့ဒါတွေကို ဦးစားပေးစေချင်တဲ့ ဆန္ဒတွေအများကြီးပါတယ်ပေါ့နော။ တခါတလေကျတော့ သူတို့ ပြည်မကနေလာပြီးတော့ ဟိုလူကြီးနဲ့ပိုင်တယ်။ ဒီလူကြီးနဲ့ပိုင်တယ်ဆိုပြီးတော့ထည့်ပေးလိုက်တဲ့ဟာမျိုး မဖြစ်စေချင်ဘူးလေ။ ကျနော်တို့ ဒေသမှာ ဘွဲ့ရပညာတတ်တွေ အများကြီး ရှိလို့ရှိရင် ဥပမာ ဒီးမော့ဆိုဆိုရင် ဒီးမော့ဆိုက ကလေးတွေကို ဦးစားပေးစေချင်တယ်။ နန်းမယ်ခုံဆိုရင်လည်း နန်းမယ်ခုံက ကလေးတွေကို ဦးစားပေးခိုင်းစေချင်တယ်။ ဖရူဆိုဆိုရင်လည်းဖရူဆို အဲ့ဒီလိုပုံစံမျိုးနဲ့ ဒေသခံတွေ အလုပ်လက်မဲ့မဖြစ်အောင် အဲ့လိုမျိုးတွေကို ရည်ရွယ်ပြီးတော့မှ ဒါလေးတွေကို ကျနော်တို့ စာလေးဘာလေးတင်ပြီးတော့မှ ဝန်ကြီးနဲ့သွားတွေ့ရတဲ့ အကြောင်းအရင်းတွေအများကြီးပါပါတယ်။” လို့ မြို့မကယန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟင်နရီက ပြောပါတယ်။

နန်းမယ်ခုံက လစ်လပ်နေရာအတွက်ခေါ်ယူထားတဲ့ အငယ်တန်းအင်ဂျင်နီယာ-၄ မှာ မှတ်ပုံတင်အရ (၁၃/) မကွေးတိုင်းဒေသကြီးကဖြစ်ပြီး အသက်အားဖြင့်လည်း ၃၃ နှစ်ရှိနေသူ ဖြစ်တယ်လို့ ဦးဟင်နရီကပြောပါတယ်။

အဆိုပါရာထူးကို လျှောက်ထားသူတွေထဲမှာ ဘီအီး(B.E) နဲ့ ဘီတက်(B.tech) ဘွဲ့ ရထားသူတွေရှိနေပေမဲ့ B.E ဘွဲ့ထက် ပိုနှိမ့်တဲ့ ဘီတက်ဘွဲ့ B.tech ဘွဲ့ ရထားသူကို ခေါ်ယူလိုက်တာကြောင့် လူထုအကြားဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒီးမော့ဆိုစည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာလတုန်းက နန်းမယ်ခုံမြို့ စည်ပင်သာယာရေးအဖွဲ့ ဖွင့်လှစ်ဖို့ လစ်လပ်နေတဲ့ရာထူး ၈နေရာကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သတ်မှတ်ချက်တွေမှာ သက် ၁၈နှစ်အထက်နဲ့ ၃၀ နှစ်ထက်မကြီးသူတွေကို လျှောက်ဖို့ပါရှိပါတယ်။

ဒေသခံတွေရဲ့ ပြန်လည်စိစစ်ပေးဖို့ တင်ပြတောင်းဆိုချက်ကို ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို ဆက်သွယ်မေးမြန်ဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးဖို့ မအားသေးဘူးလို့ ဆိုပါတယ်။

“အသနားခံစာတင်ပြီးတော့မှာ အကျိုးအကြောင်းလေးပြောပြတယ်ပေါ့နော။ ဒီရက်ကိုပြန်ပြီးဆွေးနွေးပေးမယ်လို့ပြောထားတယ်” လို့ ဦးဟင်နရီက ဆက်ပြောပါတယ်။

စည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာလမှာ မြို့နယ်အလိုက် လစ်လပ်ဝန်ထမ်းတွေကို ခေါ်ယူခဲ့ပြီး လာရောက်လျှောက်ထားသူ များပြားခဲ့တယ်ပါတယ်။

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...