ကိုဗစ် စည်းကမ်းချက်မလိုက်နာသူများကို KNUမှ ဝိုင်းဝန်းကြပ်မတ်ပေးရန် တောင်းဆို

ကိုဗစ် စည်းကမ်းချက်မလိုက်နာသူများကို KNUမှ ဝိုင်းဝန်းကြပ်မတ်ပေးရန် တောင်းဆို

စောမြတ်ဦးသာ — ကရင်အမျိုးသားအစည်းအရုံး-KNU ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ကျေးရွာအသီးသီးတွင် Quarantine ဝင်နေ သူများသည် စည်းကမ်းလိုက်နာမှုမရှိသည့်အတွက် KNU အနေဖြင့် ဝိုင်းဝန်းကြပ်မတ်ပေးရန် ကျေးရွာတာဝန်ရှိသူများက တောင်း ဆိုလိုက်သည်။  

ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို သတ်မှတ်ထားသည့် Quaratine စခန်းနေရာများတွင် နေထိုင်ကြ သော်လည်း အချို့မှာ စည်းကမ်းချက်လိုက်နာမှုမရှိသည့်အပေါ် ဒေသခံများစိုးရိမ်မှုရှိလာ၍ KNU အနေဖြင့် ဝိုင်းဝန်းကြပ် မတ်ပေးရန် ဒီဇင်ဘာ ၁၈ ရက်နေ့က ပြုလုပ်သည့် KNU ကိုဗစ်ရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲတွင် ထိုသို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ခလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမန်းဆန်းညွန့်မောင်က “ရွာထဲပြန်ဝင်လာသူတွေ ကွာလတီးထားရမလား၊ သူတို့နေအိမ်မှာ ပေးနေရမလား၊ ပေးပြန်လိုက်ရမလား သေချာစိစစ်ပြီး ဆုံးဖြတ်လို့ရတယ်ဆိုပေမယ့် မလေးရှား၊ ထိုင်း၊ ပြည်တွင်းကနေ ပြန်လာ သူအချို့က စခန်းကနေအပြင်ခိုးထွက်တာ၊ အပြင်လူတွေနဲ့ အရက်သောက်တာတွေက တစ်ခါနှစ်ခါ သွားပြောလို့လည်း မရတာရှိ တယ်။ အရေးယူအမှုဖွင့်ဖို့လည်း သွားလာရတာနဲ့ အလုပ်ရှုပ်သွားမှာလည်း ခက်တယ်။ ဒါကို ကြီးကြပ်ဆောင်ရွက်ပေးဖို့ တောင်း ဆိုချင်တယ်”ဟု ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် မုဒုံ၊ မော်လမြိုင်၊ ရန်ကုန်ကားလမ်း၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ၊ မြဝတီ နယ်စပ်ကားလမ်းကြောင်းများမှ ဖြတ်သန်းသွားလာမှုများရှိသလို မလေးရှားနှင့် ထိုင်းနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ လည်းရှိသည်။ ထို့ကြောင့် ကျေးရွာအသီးသီးတွင် Quaratine စခန်းထားရှိကြသော်လည်း ယင်းစခန်းတွင်း နေထိုင်သူအချို့စည်း ကမ်းလိုက်နာမှု အားနည်းသည့်အပေါ် ယခုလို စိုးရိမ်ရခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ရှိသူထံမှ သိရသည်။

KNU ဝင်းရေးမြို့နယ် ကိုဗစ်ရောဂါတိုက်ဖျက်ရေးတာဝန်ခံ ဆရာလားထော်သောက “ကျနော်တို့ လူထုတွေရဲ့ သွားလာ လုပ်ကိုင် စားသောက်မှုအားလုံး အဆင်ပြေစေဖို့ ကျေးရွာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတယ်။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီ အောင် သူတို့လုပ်ဆောင်သွားရမယ်။ လုပ်ကိုင်စားသောက်ဖို့ တားမြစ်ထားမှု မရှိဘူးဆိုပေမယ့် ကျန်းမာရေးစည်းကမ်းနဲ့ သွား လာနေထိုင်ရမယ်ပေါ့နော်။ စည်းမျဉ်းမလိုက်နာသူတွေကို ခေါ်ယူတွေ့ဆုံပြီး နားလည်အောင် ရှင်းပြပေးသွားမယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

KNU ကိုဗစ်ရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံညှိနှိုင်းမှုတွင် ဒေသခံများ မြို့နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်၊ ကိုဗစ်စစ်ဆေးရေးဂိတ်များ ဒီဇင်ဘာလအထိ ဆက်လက်ထားရှိရန်နှင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းများ ဒေသအတွင်း အသိပေးသွားရန်၊ ခရီးသွားလာမှု ရက်ကျော်လွန်ပြီး အထောက်အထားခိုင်လုံမှု မရှိသူများကို ခွင့်ပြုသွားလာခြင်း မပြုကြရန်တို့ကို ဆုံးဖြတ်သွားခဲ့သည်ဟု သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...