မွန်ပြည်နယ် နေရာ အများစု NLD နိုင်

မွန်ပြည်နယ် နေရာ အများစု NLD နိုင်

မွန်ပြည်နယ်အတွင်း မြို့နယ် ၅ မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရရှိပြီး ကျန် မြို့နယ်၏ မဲစာရင်းရလဒ်များကို ရေတွက်နေဆဲဖြစ်သည်ဟု အမျိုးသားမီဒီမိုကရေစီအဖွဲ့ ချုပ်(NLD)-မွန်ပြည် နယ် ၏ အလုပ်အမှုဆောင် တာဝန်ရှိသူက ပြောသည်။

မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရသည်ဟု NLD မွန်ပြည်နယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ က ပြောသည်။

“(ရလဒ်တွေက) မစုံသေးဘူးရောက်လာတာ သထုံခရိုင် ၄ မြို့နယ်ကျတော့ အကုန်လုံးနိုင်တယ် မော်လမြိုင်မြို့နယ် အကုန်လုံးနိုင်တယ် ကျန်တဲ့ ၅ မြို့နယ်ကျတော့ မသေချာသေးဘူး အကုန်လုံးမရသေးဘူး သေချာတာကတော့ ၅ မြို့ နယ်ပေါ့” ဟု NLD မွန်ပြည်နယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် က ပြောသည်။

မော်လမြိုင်မြို့နယ်၊ ဘီးလင်း၊ ကျိုက်ထို နှင့် ပေါင် အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော် ၁ နှင့် ၂ လေးနေရာစလုံးတွင် NLD က ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည် နယ် လွှတ်တော် ၁ တို့တွင် အနိုင်ရရှိခဲ့ပြီး၊ မွန်ညီညွတ်ရေးပါတီက MUP က ပြည်နယ်လွှတ်တော် ၂ တွင် အနိုင် ရရှိခဲ့သည်။

မွန်ညီညွတ်ရေးပါတီ MUP က ရေးမြို့နယ်တွင် နေရာအားလုံးတွင် အနိုင်ရရှိခဲ့သည်ဟု မွန်ညီညွတ်ရေးပါတီ တာ ဝန်ရှိသူ က ပြောသည်။

“မွန်ပြည်နယ်မှာတော့ ၉ နေရာ နိုင်ထားတယ်၊ ရေးမြို့နယ်မှာ ၅ နေရာ သံဖြူဇရပ် ၁ နေရာ မုဒုံ ၁ နေရာ ချောင်းဆုံ ၁ နေရာ ကျိုက်မရော ၁ နေရာ ပြည်သူ့လွှတ်တော် ၁ နေရာ အမျိုးသားလွှတ်တော်က ၂ နေရာ ပြည် နယ်ကတော့ ၆ နေရာ ဒါက နောက်ဆုံး သိရသလောက်ပါ ကရင်ပြည်နယ်ဘက်ကတော့ မတက်လာ သေး ဘူး” ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။

တိုင်းရင်းသာရေးရာ ဝန်ကြီးနေရာများအတွက် တိကျသည့်အဖြေများ တစ်စုံတစ်ရာမသိရသေးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်လောင်းများက အသာရနေသည်ဟု သိရသည်။

အထက်ပါ အချက်အလက်များသည် မွန်ပြည်နယ်ရှိ NLD နှင့် MUP ပြောရေးဆိုခွင့်ရှိသူများထံမှ ရရှိထားသည့် အချက်အလက်များသာ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မွန်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ၊ မွန်ညီညွတ်ရေးပါတီ MUP၊ ပြည်ထောင်စုကြံံ့ခိုင်နှင့် ဖွံ့ ဖြိုးရေးပါတီ USDP၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ (UNDP)၊  ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ဗမာပြည်သူ့ပါတီ (BPP)၊ ပြည်သူ့ပါတီ (PP) နှင့်  ၈၈မျိုးဆက်ဒီမိုကရေစီပါတီ တို့ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...