ကချင်တွင် တိုင်းရင်းသား ရေးရာ ဝန်ကြီးအတွက် မဲပေးခွင့် ဆုံးရှုံးမှုများရှိနေ

ကချင်တွင် တိုင်းရင်းသား ရေးရာ ဝန်ကြီးအတွက် မဲပေးခွင့် ဆုံးရှုံးမှုများရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာ အတွက် မဲပေးခွင့် ဆုံးရှုံးမှုများ ရှိနေသည်ဟု မဲဆန္ဒရှင်များ က ပြောသည်။

ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး၊ လီဆူ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာများအတွက် တိုင်းရင်းသား မျိုးနွယ်စုအလိုက် မဲထည့်ရမည် ဖြစ်သော်လည်း အများစုမှာ အဆိုပါနေရာအတွက် မဲပေးခွင့် ဆုံးရှုံး ခဲ့ရသည်ဟု မဲဆန္ဒရှင်များက ပြောသည်။

ဝိုင်းမော်မြို့နယ်၊ ဆန်းကားကျေးရွာက ဒေါ်ငွါးမလေးက “ကျမတို့ရှေ့မှာပဲ အားလုံး ၂၀ ကျော် မပေးရ တာပေါ့၊ တိုင်းရင်းသားရေးရာနေရာမှာ မဲပေးခွင့်မရတာ၊ တခြားသုံးနေရာမှာက ပေးခွင့်ရတယ်။ မဲရုံ ကလူတွေကို မေးတော့ နင်တို့က မဲဆန္ဒရှင်စာရင်းသေချာမှမကြည့်ကြတာ အဲ့လိုမျိုးပဲပြောတယ်။ ကျမ တို့ရွာမှာဆိုရင် ပထမတစ်ခေါက် မဲစာရင်းကြေညာကတည်းက နာမည်မပါလို့ ပြန်လျှောက်တာတွေ ရှိ တယ်။ ဒါပေမယ့် နောက်တစ်ခေါက်ကြေညာတော့လည်း ပြန်မပါဘူး” ဟု ပြောသည်။

“ကျမတို့ ဒီဘက်ကလူတွေက စာကလည်းမတတ်ဘူး၊ ပညာလည်းမတတ်ဘူး။ လူတွေကိုလည်း ကြောက်တော့ သိပ်မပြောရဲကြဘူး။ ဘာလို့မပါလည်းမသိဘူး အဲ့လိုပဲ ပြောနေကြတယ်။ အများကြီးပဲ မပေးရတဲ့လူတွေ။ တချို့ကတော့ ရေးရာမှာ မပေးရလို့ မပေးပဲ ပြန်သွားတာတွေလည်းရှိတယ်။ ကျမ တို့ ဒီဆန်းကားမှာက လော်ဝေါ်လည်းရှိတယ်။ လီဆူတွေလည်း ရှိတယ်။ ကျမထင်တာလေ ဒီလိုရေးရာ နေရာအတွက် နာမည်စာရင်းတွေယူတဲ့အခါ စာရင်းရှိမရှိကို လီဆူတွေထဲက သိနားလည်တဲ့လူတွေ ပါ ပြီး လုပ်ပေးမှ အဆင်ပြေနိုင်မယ်။ အခုက တချို့ဆို လီဆူရေးရာအတွက် မဲပေးရမယ်ဆိုတာတောင် မသိတဲ့လူတွေရှိတယ်။”

မြစ်ကြီးနားမြို့ နယ်အတွင်းရှိ လယ်ကုန်း၊ ပမ္မတီး၊ အထက်မော်ဖောင်း၊ ရမ်ပူ၊ ပလန၊ ငွေပျော်စံပြ ကျေး ရွာများနှင့် မြို့ပေါ်ရပ်ကွက် အတော်များများတွင် သာမက ဝိုင်းမော်မြို့နယ်အတွင်းက ဝိုင်းမော်၊ ဆန်း ကား တို့တွင် လည်း ရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် မရသူများစွာရှိသည်ဟု ရှမ်းတိုင်းရင်းသား စိုင်းအောင် က ပြောသည်။

“မဲစာရင်းသွားကြည့်တာ အားနည်းတာလား၊ သေချာမကြည့်ခဲ့တာလားပေါ့၊ တချို့က သုံးပုံပဲ ထည့်ရ တယ်။ နောက်ဆုံးတစ်ပုံးက လုံးဝမထည့်ခဲ့ရဘူး။ လယ်ကုန်း၊ ပမ္မတီး၊ ရှမ်းရှိတဲ့ရွာတွေပေါ့နော်၊ တစ်စု တည်း တစ်ဝေးတဲ့ရှိတဲ့ရွာတွေတော့ သိပ်ပြဿနာမတက်ဘူး။ ရောရာ ရောရာဖြစ်နေတဲ့နေရာတွေပေါ့၊ ဥပမာ ဒူကထောင်တို့၊ ရန်ကြီးအောင်တို့မှာရောပေါ့၊ မှတ်ပုံတင်ထဲမှာ ရှမ်းဖြစ်နေပေမယ့်လည်း သုံးပုံး လုံးထည့်ဖို့ပဲပါပြီး၊ ရေးရာအတွက် မပါဘူး။ တချို့ကတော့ နှစ်နေရာ သုံးနေရာ မဲစာရင်းပါတာတွေ လည်းရှိတယ်။ တချို့ဆို နားမလည်တော့ ပြန်သွားတာတွေလည်း အများကြီးရှိတယ်။ အဓိက ညွန် ကြားမှု မတိကျလို့လေ၊ မဲရုံစောင့်တွေက ဘာလုပ်ပေးခွင့်မှ မရှိဘူးလေ။ စာရင်းအရပဲ လုပ်ရတာကိုး နော်။”

အချို့ ရပ်ကွက်များတွင် ကြိုတင်မဲပေးခဲ့ခြင်းမရှိပဲ ကြိုတင်မဲပေးခဲ့သည်ဟုဆိုကာ မဲပေးခွင့်ဆုံးရှုံး ခဲ့ရ သူများလည်း ရှိနေသည်။ ငွေပျော်စံပြကျေးရွာက ဒေါ်အားဒူးကလည်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာ အတွက် လူမျိုးကိုယ်စားပြု မဲပေးခွင့်မရခဲ့သည့်အတွက် မကျေနပ်ဘူး ဟု ပြောသည်။

ဒေါ်အားဒူး “ဒီနေ့ မဲသွားထည့်ရတဲ့ အခြေအနေကတော့ သုံးပုံးမှာထည့်ရတယ်။ နောက်ဆုံးတစ်ပုံးမှာ မထည့်ရဘူး။ နာမည်စာရင်း မရှိဘူး။ ဘာလို့လည်းဆိုတော့ သုံးပုံးမှာ နာမည်စာရင်းပါတယ်။ နောက် ဆုံးတစ်ပုံးမှာက စာရင်းမပါဘူး။ ရှာလို့မတွေ့ဘူး။ မထည့်ပဲ ပြန်ခဲ့ရတာဟုတ်တယ်။ တိုင်းရင်းသား ဖြစ် တဲ့အတွက် ကျမတို့က ကိုယ့်လူမျိုးကို ထည့်ဖို့ စိတ်အားထက်သန်တာပေါ့နော်။ အဲ့မှာ မထည့်ရဘူး ဆိုတော့ စိတ်မချမ်းသာဘူး။ မဲမပေးရတော့ ဒေါသလည်းထွက်တယ်။ စိတ်လည်းမချမ်းသာဘူး” ဟု ပြောသည်။

ယခုကဲ့သို့ တိုင်းရင်းသားရေးဝန်ကြီးနေရာများအတွက် မဲပေးခွင့် ဆုံးရှုံးရခြင်းသည် နိုင်ငံသားအခွင့် အရေး၊ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးရခြင်းဖြစ်သည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း က ပြောသည်။

“အဓိကတော့ မဲပေးပိုင်ခွင့်၊ နိုင်ငံသားအခွင့်အရေးတွေ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးတာတွေ တွေ့ ရတယ်။ လွှတ်တော်သုံးရပ်မှာ နာမည်မပါလို့ မဲပေးရတာ နိုင်ငံသားအခွင့်အရေးဆုံးရှုံးတာ တော်တော် များများတွေ့ရတယ်။ ထို့အတူပဲ တိုင်းရင်းသားတွေဟာ မိမိသက်ဆိုင်ရာ လူမျိုးရဲ့ ရေးရာဝန်ကြီး နေရာ မှာ မဲပေးခွင့်ဆုံးရှုံးနေတာကို တွေ့ရပါတယ်။ လွှတ်တော်သုံးရပ်မှာ နာမည်ပါပေမယ့် ရေးရာမှာ နာမည် မပါဘူးဆိုပြီး မဲပေးခွင့်ဆုံးရှုံးနေတာ တော်တော်များတယ်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်းဘက်တွေမှာ များတယ်။ လွှတ်တော်သုံးရပ်မှာ မဲထည့်ခွင့်ပြီဆိုရင် တိုင်းရင်းသားရေးရာမှာ ဒါရိုက်မဲထည့်ခွင့် ရ ရမှာ ဖြစ်ပါတယ်။ အခုလိုစာရင်းမပါတာက သက်ဆိုင်ရာ ဝန်ထမ်းတွေ အားနည်းချက်ဖြစ်မယ်လို့ပဲ ကျနော် ပြောချင်တယ်။ ဘယ်လိုဖြေရှင်းမလဲပေါ့။”

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြိုတင်ဆောင်ရွက်မှုအပိုင်းတွင် အားနည်းနေသကဲ့သို လက်ရှိ ဆောင်ရွက်မှုတွင်လည်း ညွန်ကြားမှုအပိုင်း အားနည်းနေသည်ဟု ဦးရွှေမင်းက ထောက်ပြသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တိုင်းရင်းသား မျိုးနွယ်စု တစ်စုတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လူဦးရေ အနည်းဆုံး ၅၀၀၀၀ ရှိရမည်ဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပြီးနောက် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး အဖြစ် ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဦးစိုင်းစိန်လင်း၊ လီဆူ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးအဖြစ် ဦးအားတီယောဟန်နှင့် ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဦးရန်နမ်းဖုန်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီမှ ကိုယ်စားလှယ် လောင်းအသီးအသီးက နိုင်ရရှိခဲ့ကြခြင်းဖြစ်သည်။

Most read this week

April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...
ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...