တောင်ကုတ်မြို့နယ်တွင် NLD ဆိုင်းဘုတ် စိုက်ထူထားသောနေအိမ် ခဲဖြင့်အပစ်ခံရ

တောင်ကုတ်မြို့နယ်တွင် NLD ဆိုင်းဘုတ် စိုက်ထူထားသောနေအိမ် ခဲဖြင့်အပစ်ခံရ

အောင်ကောင်းဇော် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာအတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဆိုင်းဘုတ်စိုက်ထူထားသောနေအိမ်မှာ ခဲများဖြင့်အပစ်ခံခဲ့ရပြီး ဆိုင်းဘုတ်ပါ ဖျက်ဆီးခံခဲ့ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါကျေးရွာရှိ ဦးဇော်လင်းဦး၏နေအိမ်ရှေ့သို့ အောက်တိုဘာ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန့်က မျက်နှာဖုံး စွပ်ထားသည့် လူတစ်စုမှလာရောက်ကာ ယင်းသို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေလှဝင်း ထံမှ သိရသည်။

“အဲဒီနေ့က ကျနော်ကမြို့ပေါ်ကိုရောက်နေတော့ ဖုန်းနဲ့လှမ်းတိုင်တယ်။ သူတို့အိမ်ကို အုတ်ခဲတွေနဲ့ ပစ်ပေါက် ပြီးတော့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးသွားတယ်လို့။ ကျနော်ကတော့ ရဲစခန်းကို ထပ်ဆင့်အကြောင်းကြား ထားတယ်။ ဆိုင်းဘုတ်တွေ ပျက်စီးသွားတယ်၊ နေအိမ်မှာလည်းခဲနဲ့အပစ်ခံရတယ်။ လူတွေထိခိုက်ဒဏ်ရာ မရကြဘူး” ဟု ၎င်းကရှင်းပြသည်။

အလားတူ တောင်ကုတ်မြို့နယ်အတွင်း၌ စက်တင်ဘာလအတွင်းမှစ၍ ယနေ့အချိန်ထိ NLD မဲဆွယ်ဆိုင်းဘုတ် စုစုပေါင်း ၃၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းမြို့နယ် (NLD)ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးသိန်းမြင့်ထံမှ သိရသည်။

“အခုလိုမျိုး နေအိမ်ကို ခဲနဲ့ပစ်ပေါက်တာကတော့ အရင်ကမရှိဘူး၊ အခုလိုတော့ မလုပ်သင့်ဘူး၊ အကြမ်းဖက် တယ်လို့ ကျနော်တို့မြင်တယ်။ ပါတီဝင်တွေအသက်ကိုပါ ရည်စူးလာတယ်လို့မြင်တယ်” ဟု ဦးသိန်းမြင့်က ဆိုသည်။

ထို့ပြင် ယင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့သည် အောက်တိုဘာ ၁၄ ရက်နေ့က မဲဆွယ်စည်းရုံးရေးဆင်းနေကြစဉ် ရက္ခိုင့်တပ်တော်(AA)ထံ ဖမ်းဆီးခြင်းခံခဲ့ ရသည်။

ယင်းဖြစ်စဉ်နောက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ NLD ပါတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတို့မှာ လုံခြုံရေးအရစိုးရိမ်ရသည့် အခြေအနေဖြစ်နေပြီး မဲဆွယ်စည်းရုံးရေးတွင်လည်း နစ်နာမှုရှိလာကြောင်း ၎င်းတို့ကဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်းမှ ၉ မြို့နယ်နှင့် အခြားသောမြို့နယ် ၄ ခု၌ ရပ်ကွက်ပေါင်း ၁၅ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ ထားသည်။

ထိုသို့ မကျင်းပနိုင်သည့်အထဲတွင် တောင်ကုတ်မြို့နယ်အတွင်းမှ ရပ်ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စုတို့တွင်လည်း ပါဝင်သည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...