ရန်ကုန်-စစ်တွေ အထူးလေယာဉ်တစ်စင်းကို WFP အစီစဉ်ဖြင့် စတင်ပြေးဆွဲ

ရန်ကုန်-စစ်တွေ အထူးလေယာဉ်တစ်စင်းကို WFP အစီစဉ်ဖြင့် စတင်ပြေးဆွဲ

မျိုးသီရိကျော် — ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ စီစဉ်မှုဖြင့် ကုလသမဂ္ဂအထူးလေယာဉ်တစ်စင်းသည် ရန်ကုန်-စစ်တွေသို့ စတင်ကာ ပြေးဆွဲနေပြီဖြစ်ကြောင်း WFP မှ ထုတ်ပြန်ထားသည်။

လက်ရှိ ကိုဗစ်-၁၉ ပြန့်ပွားနေချိန် ကိုဗစ်ကူးစက်ထိန်းချုပ်မှုတစ်ရပ်အနေဖြင့် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ရပ်နားလိုက်သဖြင့် ရန်ကုန်မြို့နှင့် စစ်တွေမြို့အကြား ဆက်သွယ်သည့် ကုန်လမ်း၊ ရေလမ်း များမှာ လတ်တလောသွားလာရန် အလွန်ခက်ခဲသည့် အခြေအနေတွင်ရှိသောကြောင့် ဆေးပစ္စည်းအထောက်အပံ့များနှင့် အကူအညီပေးရေးဝန်ထမ်းများကို တင်ဆောင်ကာ အထူးလေယာဉ်ပြေးဆွဲနေခြင်းဖြစ်ကြောင်း WFPက ဆိုသည်။

“လိုအပ်ချက်ရှိနေတဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်ကိုအဓိကထားပြီးအရင်ဆုံး ပြေးဆွဲလိုက်တာဖြစ်တယ်။ ကိုဗစ်-၁၉ ကုသရေးမှာပါဝင်နေတဲ့ ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပြီးတော့အစိုးရ၊ ပြည်သူ့ဝန်ထမ်းတွေ၊ လူသားချင်းစာနာထောက်ပံ့ပေးနေတဲ့ဝန်ထမ်းတွေကို ဦးစားပေးပြီး ပြေးဆွဲသွားမှာဖြစ်တယ်။ လောလောဆယ်တော့ ခရီသွားပြည်သူတွေ မပါဝင်သေးဘူး” ဟု WFP မှ ဆက်သွယ်ရေးနှင့် ဆက်ဆံရေးအရာရှိ ကိုထက်ဦးလင်းက ရှင်းပြသည်။

ယင်းအထူးလေယာဉ်သည် ရန်ကုန်မှစစ်တွေသို့ အောက်တိုဘာ ၂၄ ရက်နေ့ကတစ်ကြိမ်ပြေးဆွဲခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းအချိန်တွင် ဒုတိယအကြိမ်ပြေးဆွဲခဲ့ကြောင်းနှင့် လက်ရှိအချိန်၌ လက်မှတ်များကို (ဘိုကင်)လက်ခံနေပြီဖြစ်သော်လည်း လူဦးရေအပေါ်မူတည်ကာ ဆက်လက်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ လေကြောင်းလိုင်းနှင့် လိုက်ပါမည့်သူများမှာ ခရီးစဉ်မတိုင်မီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် Covid-19 စစ်ဆေးခံရမည်ဖြစ်ကာ နိုင်ငံတော်အစိုးရမှချမှတ်ထားသည့် လေကြောင်းခရီးစဉ် စည်းမျဉ်း၊စည်းကမ်းများနှင့် အသွားအလာကန့်သတ်မှု စည်းမျဉ်း၊ စည်းကမ်းများကို ခရီးစဉ်တစ်လျှောက်လုံးတွင် လိုက်နာကြရမည်ဖြစ်ကြောင်း WFP က ထုတ်ပြန်ထားသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Stephen Anderson က “လိုအပ်ချက်ရှိတဲ့အပေါ်မှာ မူတည်ပြီး အခုလို ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲသွားနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ Covid-19 တုံ့ပြန်မှုလုပ်ငန်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေမှာ ရှေ့တန်းကနေ ပါဝင်ကူညီကြမယ့်သူတွေကို လိုရာခရီးရောက်အောင် သယ်ယူပို့ဆောင် ပေးနိုင်ဖို့ဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်းလေကြောင်းခရီးစဉ်ကို ဥရောပသမဂ္ဂ European Civil Protection and Humanitarian Aid Operations  (ECHO)၏ ဘဏ္ဍာငွေအထောက်အပံ့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနှင့်အခြားမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ ပြေးဆွဲခြင်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း အပြည်ပြည်ဆိုင်ရာစီးပွားဖြစ်လေကြောင်းခရီးစဉ်များ ခေတ္တရပ်ဆိုင်းထားခြင်းကြောင့် WFP သည် မေလအစောပိုင်းမှစတင်ကာ ရန်ကုန်၊ ဗီယန်ကျင်းနှင့် ကွာလာလမ်ပူမြို့များကို ဆက်သွယ်သည့် အထူးလေကြောင်းခရီးစဉ်များကို အပတ်စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ ဆေးပစ္စည်း အထောက်အပံ့များနှင့်အကူအညီပေးရေးဝန်ထမ်းများအားပုံမှန်သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်မှာဆိုထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...