အမ်းဒေသခံ ၁၄ ဦး အား တပ်မတော်က ဖမ်းဆီးသွားသည်မှာ တစ်ပတ်ခန့်ကြာပြီဖြစ်သော်လည်း မိသားစုနှင့် တွေ့ခွင့်မရသေး

အမ်းဒေသခံ ၁၄ ဦး အား တပ်မတော်က ဖမ်းဆီးသွားသည်မှာ တစ်ပတ်ခန့်ကြာပြီဖြစ်သော်လည်း မိသားစုနှင့် တွေ့ခွင့်မရသေး

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု မြောက်ဘက်ရွာမှ  ၁၂ ဦးနှင့် အနောက်ဘက်ရွာမှ ၂ ဦးတို့အားအောက်တိုဘာ ၂၀ ရက်နေ့ကပင် တပ်မတော် တပ်ရင်း (၆၆)က ဖမ်းဆီးသွားသည်မှာ ၆ ရက်ရှိပြီဖြစ်သော်လည်း မိသားစုဝင်များနှင့် တွေ့ခွင့်မရ၍ စိုးရိမ်နေကြသည်။

“သူတို့က ငါးရှာဖို့ တစ်ဖွဲ့တည်းသွားကြတော့ လမ်းမှာအဖမ်းခံရတာ။  ဗိုလ်ကြီးတစ်ယောက်နဲ့တော့ အဆက်သွယ်ရတယ်။ လူချင်းတွေ့ခွင့်မရသေးဘူး။ ဘာမှအပြစ်မှမရှိဘဲ အခုလို ခေါ်သွားတော့ ကျွန်မတို့စိုးရိမ်တယ်” ဟု ဖမ်းဆီးခံရသူ ဦးငွေသိန်း ၏ဇနီးဖြစ်သူ ဒေါ်ဝေမာရီက ဆိုသည်။

ထို့သို့ ဖမ်းဆီးခံရသူတို့မှာ ဒါးလက်မြောက်ဘက်ကျေးရွာမှ ဦးညီညီမောင်၊ ဦးဝင်းဌေးမောင်၊ ဦးမောင်ကြည်သန်း၊ ဦးငွေသိန်း၊ ဦးညီဝင်း၊ ဦးလွမ်းဝေ၊ ဦးမောင်မြင့်ဌေး၊ ဦးတင်ရွှေ၊ ဦးကျော်ဌေးလှိုင်၊ ဦးခင်မောင်မြင့်နှင့် အမည်မသိရသေးသူ နှစ်ဦးတို့အပြင် အနောက်ဘက်ကျေးရွာမှ ဖမ်းဆီးခံထားရသူ နှစ်ဦး၏ အမည်ကို မသိရှိသေးကြောင်း မြောက်ဘက်ကျေးရွာတာဝန်ခံ ကရှင်းပြသည်။

အလားတူ တောင်ယာနှင့် ငါးရှာကာ လုပ်ကိုင်စားသောက်နေသူ ဦးဌေးမောင်၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမာ ကလည်း ဖမ်းဆီးသွားသည့်အကြောင်းရာကို သိချင်ကြောင်း၊ ၎င်းတို့မှာ အပြစ်မရှိကြောင်၊း ယခုလို ဖမ်းဆီးခံထားရပြီး မိသားစုနှင့်တွေ့ခွင့်မရ၍ စိုးရိမ်နေရကြောင်း ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့ကို DMG ကဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြသည်မှာ ၂ ခန့်ရှိလာနေသည့်အတွင်း ၂၀၂၀ ခုနှစ် ဇွန်လမှ အောက်တိုဘာ ၂၅ ရက်နေ့အထိ DMG မှ စာရင်းကောက်ယူထားချက်အရ သံသယဖြင့် ဖမ်းဆီးခံသော အရပ်သား ၁၀၅ ဦး၊ ဒဏ်ရာရရှိသူ ၁၁၇ နှင့် သေဆုံးသူ ၄၃ ဦးရှိပြီဖြစ်သည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...