မတ်လမှစ၍ ထိုင်းမှ ပြန်ဝင်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၀၀၀၀ ကျော်ရှိခဲ့

မတ်လမှစ၍ ထိုင်းမှ ပြန်ဝင်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၀၀၀၀ ကျော်ရှိခဲ့

COVID-19 စတင်ဖြစ်ပွားပြီးနောက် မြဝတီမြို့ရှိ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၂)မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေသည် မတ်လ မှ ယနေ့အထိ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါများစတင်ဖြစ်ပွားချိန်က ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားများအား ပြန်လည်ဝင် ရောက်နိုင်ရန် နယ်စပ်ဂိတ်အသီးသီးတွင် လုပ်ဆောင်ခဲ့ရာ မြဝတီနှင့် ထိုင်းဘက်မှ မဲဆောက်မြို့ကို ဆက်သွယ် ထားသော တံတားမှ ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေမှာ တစ်ရက်လျှင် လူဦးရေထောင်နှင့်ချီရှိခဲ့သည်။

လက်ရှိကိုဗစ်ရောဂါများ တကြော့ပြန် ပြန်လည်ဖြစ်ပွားချိန်တွင် ပြန်လည်ဝင်ရောက်လာသူဦးရေမှာတစ်ရက်လျှင် ရာဂဏန်းသာရှိကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

 

၎င်းပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများတွင် ကိုဗစ်ရောဂါအတည်ပြုလူနာမှာ ၇၀ ဦးအထိရှိခဲ့ပြီး မြဝတီခရိုင်က သုံးဦးသာ ပါဝင်သည်။ ကျန်လူနာများမှာ တစ်ခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဖြစ်သည်။

 

မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါများဖြစ်ပွားချိန်တွင် အစိုးရက တစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံတကာဝင်ထွက် ပေါက်များ၊  နယ်စပ်ဂိတ်ဝင်ထွက်ပေါက်များအား မတ်လ ၃၀ရက်နေ့က ပိတ်ထားခဲ့သည်။

သို့သော် ပြည်ပရောက်မြန်မာနိုင်ငံသားများအား အစိုးရက ပြန်လည်ခေါ်ယူချိန်တွင် လေကြောင်းလိုင်းဖြင့် ပြန်လည်ခေါ်ဆောင်ခြင်း၊နယ်စပ်ဂိတ်မှတဆင့် ကားများဖြင့် ပြန်လည်ခေါ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ရာတွင် မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သား များကို ကျန်းမာရေးဌာနနှင့်အုပ်ချုပ်ရေးအဖွဲ့များက ခုနှစ် ရက် ကွာရန်တင်းဝင်ရောက်စေပြီး ကိုဗစ်ရောဂါ မရှိပါက သွားရောက်လိုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ ပို့ ဆောင်ပေးခဲ့သည်။

 

လက်ရှိမြန်မာနိုင်ငံဘက်ခြမ်းတွင် ကိုဗစ်ရောဂါဖြစ်ပွားသူများပြားခြင်းနှင့် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား မိသားစု ထံမှ ရောဂါပိုးတွေ့ရှိပြီးနောက် ထိုင်းနိုင်ငံက နှစ်နိုင်ငံကုန်သွယ်ရေးကိုတပတ်ခန့် ယာယီရပ်ဆိုင်း လိုက်သည်။

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၂)မှ ပြည်တွင်းကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကိုလည်း အောက်တိုဘာလ ၁၈ ရက်နေ့ ညနေသုံးနာရီမှ စတင်ကာ အောက်တိုဘာ ၂၅ရက်နေ့အထိ တပတ်ကြာယာယီပိတ်ပင်ထားသည်။

ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...
August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...