ရွေးကောက်ပွဲမကျင်းပမည့်နယ်မြေများတွင် သျှမ်းပြည်မှ တည်ငြိမ်အေးချမ်းနေသည့်ဒေသများပါဝင်နေသည့်အပေါ် SNLD ဝေဖန်

ရွေးကောက်ပွဲမကျင်းပမည့်နယ်မြေများတွင် သျှမ်းပြည်မှ တည်ငြိမ်အေးချမ်းနေသည့်ဒေသများပါဝင်နေသည့်အပေါ် SNLD ဝေဖန်

ယိင်းတိုင်း — ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများစာရင်းတွင် သျှမ်းပြည်နယ်တည်ငြိမ်အေးချမ်းနေသည့်ဒေသများ ပါဝင်နေသည့်အပေါ် အကြောင်းပြချက်မရှိလျှင် ပိတ်ပင်တားဆီးခြင်းမလုပ်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ဝေဖန်ခဲ့သည်။

“မဲပေးပိုင်ခွင့်ဆိုတာ နိုင်ငံသားရဲ့ အခွင့်အရေးဖြစ်တယ်။ အခြေခံလူ့အခွင့်အရေးလဲဖြစ်တယ် အဲ့ဒါတွေကို အကြောင်းပြချက်လုံလုံလောက်လောက်မရှိပဲနဲ့ ပိတ်ပင်တားဆီးတာဟာ မလုပ်သင့်တဲ့ အရာလို့ပြောချင်ပါတယ်” ဟု စိုင်းကျော်ညွှန့် ကပြောသည်။

ထိုသို့ ပိတ်ပင်တားဆီးမှုကြောင့် ၎င်းဒေသမှပြည်သူများ၏ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနစ်နာရခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင် နယ်မြေတည်ငြိမ်နေသည့်ဒေသများလည်းပါဝင်နေပြီး ၂၀၂၀ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်တစ်ခုဖြစ်သည့် မိုင်းကိုင် မြို့နယ်သည် ၂၀၁၅ ရွေးကောက်ပွဲက SNLD မှ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်နှစ်နေရာ စုစုပေါင်း သုံးနေရာလုံးအနိုင်ရထားသည့် မြိုနယ်တစ်ခုဖြစ်သည်။

“ကျနော်တို့ပါတီဖက်ကာကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမကျင်းပရလို့ လွှတ်တော်ကိုယ်စားလှယ် သုံးဦးလျော့သွားတာမျိုးတော့ရှိမယ်။ ပြည်သူလူထုဘက်က ကြည့်မယ်ဆိုရင် ပြည်သူလူထုရဲ့ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရွေးကောက်ခွင့်မရှိတော့လို့ ပြည်သူတွေအတွက် အင်မတန်နစ်နာတယ်” ၎င်းကပြောသည်။

SNLD ပါတီအနေနှင့် မိုင်းကိုင်မြို့နယ်ရှိ တစ်ခြားပါတီများနှင့် ညှိနှိုင်းကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ဆက်လက်ညှိနှိုင်း၍ ယင်းကိစ္စအား ဆက်လက်လုပ်ဆောင် သွားမည်ဟု စိုင်းကျော်ညွန့် ကပြောသည်။

သျှမ်းပြည်တွင် ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်ခြောက်မြို့နယ်ရှိပြီး ၎င်းတို့မှာ မိုင်းလားမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းကိုင်မြို့နယ်တို့ဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ မက်မန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ်၊ ကွမ်းလုံမြို့နယ် ကုန်ကြမ်းမြို့နယ်နှင့် ဟိုပန်မြို့နယ် စုစုပေါင်း ၁၇ မြို့နယ်မှ ရပ်ကွက်ရှစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၃ အုပ်စုတို့တွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...