တောင်ကုတ်မြို့တွင် ANP ပါတီက အောင်နိုင်ရေးအတွက် လှည့်လည်စဉ် ဒေသခံထောင်နှင့်ချီဝန်းရံ

တောင်ကုတ်မြို့တွင် ANP ပါတီက အောင်နိုင်ရေးအတွက် လှည့်လည်စဉ် ဒေသခံထောင်နှင့်ချီဝန်းရံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ရခိုင်အမျိုးသားပါတီ(ANP)က အောက်တိုဘာ ၂၁ ရက်နေ့တွင် အောင်နိုင်ရေးအတွက် မြို့ပေါ်၌ လှည့်လည်ခဲ့ရာတွင် ပါတီထောက်ခံသူ ဒေသခံထောင်နှင့်ချီပြီးဝန်းရံခဲ့ကြကြောင်း ယင်းမြို့နယ် ANP ပါတီမှ သိရသည်။

တောင်ကုတ်မြို့နယ် ANP ပါတီဥက္ကဋ္ဌ ဦးသန်းဝင်းက “လူဦးရေက တော်တော်များတယ်ဗျာ၊ ခန့်မှန်းရခက်တယ်။ ပြည်သူလူထုကို ကျနော်တို့ဖိတ်ခေါ်တာမဟုတ်ဘူး။ သူတို့ဟာသူတို့သိပြီး လာဝန်းရံကြတာ။ ပြီးတော့ ဆင်တူ အင်္ကျီတွေကလည်း ကျနော်တို့ထုတ်ပေးတာမဟုတ်ဘူး။ ဒါပေမဲ့ ပါတီတံဆိပ်ပါ အင်္ကျီတစ်ထည်ကိုတော့ ပါတီ ရန်ပုံငွေအဖြစ် ၁၅၀၀ ကျပ်နဲ့ရောင်းချတယ်” ဟု ပြောသည်။

ယနေ့ နံနက် ၈ နာရီတွင် တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်ရှိ ANP ပါတီရုံးရှေ့မှစတင်ကာ မြို့ပေါ် ရပ်ကွက် ၄ ခုအား လှည့်လည်ခဲ့ကြကြောင်း ဝန်းရံသူများထံမှသိရသည်။

“လုပ်တာကတော့ ပါတီကဦးဆောင်ပြီးလုပ်တာ။ သူတို့အောင်နိုင်ရေးအတွက် လူအနည်းငယ်နဲ့ လှည့်လည်မယ် ဆိုပြီးတော့လုပ်တာပါ။ ဒါပေမဲ့လူတွေက တစ်ဖြေးဖြေးနဲ့များလာတယ်။ လူအင်အား ၁၀၀၀ ကျော်လောက် ဖြစ်သွားတယ်။ ကား၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ကြတာပါ” ဟု ဝန်းရံသူတောင်ကုတ်ဒေသခံ ကိုမောင်မောင်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၉ မြို့နယ်နှင့် အခြားမြို့နယ် ၄ မြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် တောင်ကုတ်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂)အုပ်စုတို့၌ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...