မူဆယ်တွင် ကားသမား ၃ဦးထံ ကိုဗစ်-၁၉ တွေ့

မူဆယ်တွင် ကားသမား ၃ဦးထံ ကိုဗစ်-၁၉ တွေ့

နန်းဆိုင်ဖူး — မူဆယ် Quarantine စင်တာတွင် အောက်တိုဘာ ၂၀ ရက်၌ ကားသမား ၃ ဦးထံကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိကြောင်း ဂရုဏာ လူမှုကူညီရေးအသင်း ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ပိုးတွေ့လူနာ မနေ့ကထိဆို ၁၉ ယောက် ဒီနေ့ ၃ ယောက်ထပ်တွေ့တယ်။ အားလုံး ၂၂ ယောက်။ မနေ့က စစ်လိုက်တာ ကားသမားတွေပဲဗျ။ သူတို့ကို Q စခန်းမှာ ထားထားတယ်။ ဆေးရုံမှာအဆင်သင့်ဖြစ်ရင် ဆေးရုံကိုပို့မယ်ဗျ။ သူတို့နဲ့ ထိတွေ့ဆက်စပ်သူ ၅ ဦးကိုလည်း အသွားအလာ ကန့်သတ်ထားပါတယ်။” ဟု ဦးသောင်းထွန်း ကပြောသည်။

ထို ပိုးတွေ့လူနာ ၃ ဦး ကိုလည်း မူဆယ်ဆေးရုံမှာ ဆေးကုသပေးမည်ဖြစ်ပြီး လက်ရှိ မူဆယ် ဆေးရုံမှာ စုစုပေါင်း ကိုဗစ် ပိုးတွေ့လူနာ ၂၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အောက်တိုဘာ ၁၉ ရက်နေ့မှာ အတည်ပြု လူနာ ၁ ဦး ရှိကြောင်း လားရှိုး ကျန်းမာရေးမှူး ဒေါက်တာလှထွန်း ကပြောသည်။

“လားရှိုးဆေးရုံကြီးမှာ ပိုးတွေ့ လူနာ ၁ ဦးပဲ ရှိပါတယ်။ အမျိုးသမီး ၂၉ နှစ်အရွယ် မူဆယ်ဘက်က ဝင်လာတယ်လို့ ကြားတယ်။ တရုတ်နိုင်ငံ ဝမ်ကျိုင်း အဲ့မှာ အလုပ်လုပ်တာ ၁ နှစ်ခွဲလောက်ရှိပါပြီ။ လားရှိုးမှာ Quarantine ဝင်နေတယ်။ အသွားအလာ ကန့်သတ်ထားတဲ့သူပါပဲ” ဟု ဒေါက်တာလှထွန်း ကပြောသည်။

အောက်တိုဘာ ၁၉ ရက်နေ့ထိ လက်ရှိ သျှမ်းပြည်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံရလူနာ စုစုပေါင်း ၇၈ ဦး ရှိပြီး ၁ ဦးသေဆုံးကာ ၅၁ ဦး ဆေးရုံမှ ဆင်းခွင့် ရကြောင်း သျှမ်းပြည်အစိုးရထံ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၇၂၀၅) ဦး ရှိပြီး ပြန်လည် သက်သာလာသူ ( ၁၇၅၆၈) ဦး ရှိကြောင်း နှင့် သေဆုံးသူ (၉၁၄) ဦး ရှိကြောင်း အောက်တိုဘာ ၁၉ ရက် ည ၈ နာရီ အချိန်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...