ဆန္ဒဖော်ထုတ်၍ ဖမ်းဆီးခံရသည့် ကျောင်းသားလေးဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရ

ဆန္ဒဖော်ထုတ်၍ ဖမ်းဆီးခံရသည့် ကျောင်းသားလေးဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရ

အောင်ထိန် — အစိုးရနှင့် တပ်မတော်ကို အလိုမရှိကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အောက်တိုဘာ ၁၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားလေးဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့က တရားစွဲဆိုလိုက်သည်။

“ဒါကတော့ နိုင်ငံတော်ကို အကြည်အညိုပျက်အောင်လုပ်တယ်။ ဆူပူအုံကြွမှုဖြစ်စေအောင်လုပ်တယ် ဆိုပြီးတော့ ၅၀၅(ခ)နဲ့ တရားစွဲလိုက်တာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ဆိုသည်။

၎င်းတို့လေးဦးအား စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ကာ တရားစွဲခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့ကို ရုံးချိန်းလိုက်ကြောင်း ဦးကျော်ညွှန့်မောင်ထံမှ သိရသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင်လှည့်လည်ကာ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ဆန္ဒဖော်ထုတ်နေစဉ်အတွင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဆန္ဒပြကျောင်းသားများကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် တရားစွဲတင်လိုက်ခြင်းသည် ပြဿနာကို ဖြေရှင်းသော နည်းလမ်းမဟုတ်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

“ပုဒ်မတပ်လိုက်တဲ့သူတွေဟာ ငါတို့မှာအပြစ်ရှိနေလို့ အောက်ခြေက ပြည်သူတွေဆီက ဒီလိုအသံတွေ တက်လာ ပါးလားဆိုတာကို စဉ်းစားဖို့လိုတယ်။ သူတို့သာ အပြစ်ကင်းကင်း ရှိနေမယ်ဆိုရင် ကျွန်တော်တို့လည်း ထောင်ရောက်၊ ရဲစခန်းရောက်အောင် ဆန္ဒပြစရာမလိုဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ တရားစွဲခံထားရသူထဲမှ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့သည် စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒ ဖော်ထုတ်ခဲ့မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် တရားစွဲခံထားသူများလည်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် စစ်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦးမှာလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...