မြန်မာတွင် ကိုဗစ် တိုက်ဖျက်ရေး ကူညီရန် နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် အကူအညီပေးရေး ဝန်ထမ်းများ ရောက်ရှိ

မြန်မာတွင် ကိုဗစ် တိုက်ဖျက်ရေး ကူညီရန် နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် အကူအညီပေးရေး ဝန်ထမ်းများ ရောက်ရှိ

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကာကွယ် တိုက်ဖျက်ရေးအကူအညီပေးနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများမှကျွမ်းကျင်ပညာရှင်များ၊ အထောက်အပံ့ပေးရေး ဝန်ထမ်းများ၊ စုစုပေါင်းပေါင်း ၄၀ ကျော် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အပတ်စဉ်လေယာဉ် ခရီးစဉ် ၂၄ ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့သို့ လာရောက်ရာတွင် လိုက်ပါလာခြင်း ဖြစ်ကြောင်း United Nations Myanmar က သတင်းထုတ်ပြန်ထားသည်။

လေယာဉ်နှင့်အတူ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝယ်ယူထားသည့် တစ်ကိုယ်ရည် ကာကွယ်ရေး ပစ္စည်းများကိုလည်း သယ်ဆောင်လာကြောင်း သိရသည်။

 “ပြီးခဲ့တဲ့ မေလအစပိုင်း ကျွန်တော်တို့ WFP ရဲ့ အပတ်စဉ် လေယာဉ်တွေကို မြန်မာနိုင်ငံအတွက် စပြီးပြေးဆွဲခဲ့တုန်းက အခုအချိန်ထိ ခြောက်လကြာတိုင်အောင် ဝန်ဆောင်မှု ပေးရလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မ ထားမိခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံအတွက်ရော ကမ္ဘာအရပ်ရပ်မှာပါ နိုင်ငံတကာ စီးပွားဖြစ် လေကြောင်းခရီးစဉ်တွေ ပြန်ပြီး မလည်ပတ်နိုင်ခင်သေးချိန် အထိ အခုလို ဝန်ဆောင်မှုကို ပေးအပ်သွားနိုင်ဖို့ ကျွန်တော်တို့ WFP အနေနဲ့ ဆက်ကြိုးစားသွားမှာပါ” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတက်ဖင် အန်ဒါဆန်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့်ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် ဂျာမနီနိုင်ငံက မြန်မာနိုင်ငံရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ထောက်ပံ့ငွေ ယူရိုတစ်သန်း ထပ်မံပံ့ပိုးလိုက်ကြောင်းလည်း WFP ကသတင်း ထုတ်ပြန်ထားသည်။

Most read this week

စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...