လွတ်လပ်ပြီး တရားမျှတမှုရှိ၊မရှိ ဖော်ပြနေတဲ့ ၂၀၂၀ ရွေးကောက်ပွဲ

လွတ်လပ်ပြီး တရားမျှတမှုရှိ၊မရှိ ဖော်ပြနေတဲ့ ၂၀၂၀ ရွေးကောက်ပွဲ

နိုဝင်ဘာ ၈ရက်မှာကျင်းပမယ့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတိုင်း အဓိကတိုင်းရင်းသား နယ်မြေတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာတော့မယ် ဆိုတဲ့ မျှော်လင့်ချက် ကိုယ်စီရှိကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကျင်းပခါနီး လပိုင်းအလိုမှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ ထိုးတက်လာ သလို သျှမ်းပြည်နဲ့ ရခိုင်ပြည် တွေမှာ စစ်မီးတွေတရှိန်ထိုး ဖြစ်ပွားလာပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်တဲ့ ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပြီး Lockdownတွေချကာ မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးခွင့်မရခဲ့ပါဘူး။

သျှမ်းပြည်တဝှမ်းမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမမြင့်တက်မှုသော်လည်း အောက်တိုဘာ ၂ရက်မှ စတင်ပြီး အောက်တိုဘာ ၁၃ ရက် ထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) တို့ကြားတိုက်ပွဲကြောင့် စစ်ရှောင် ၃၅၀၀ ကျော် ထွက်ပေါ်လာခဲ့ပါတယ်။

သျှမ်းပြည်ကျောက်မဲမြို့နယ်မှ အပ တခြားမြို့နယ် မှာတော့ စစ်ရေးပြဿနာမရှိသကဲ့သို့ တခြား ပြဿနာ တစုံတရာမရှိပဲ ရွေးကောက်ပွဲ ကျင်းပခွင့်မရကြောင်းကို အောက်တိုဘာ ၁၆ရက် မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရုတ်တရက်ကြေညာခဲ့ပါတယ်။

တိုက်ပွဲမရှိဘဲ တိုင်းရင်းသား ပါတီ အထူးသဖြင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အားကောင်းပြီး အောင်နိုင်ချေများတဲ့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တမြို့နယ်လုံး ရွေးကောက်ပွဲကျင်းပခွင့်မရမှုဟာ အံ့သြစရာကောင်းတဲ့ဖြစ်ရပ်တခုဖြစ်လာပါတယ်။

ဒါ့အပြင် လက်ရှိ တိုက်ပွဲတင်းမာမှုဖြစ်ပွား စစ်ရှောင် ၃၅၀၀ကျော် ရှိတဲ့ ကျောက်မဲမြို့နယ် မှာတော့ ကျေးရွာအုပ်စု ၁၂အုပ်စု ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့ပါဘူး။

သျှမ်းပြည်တွင် ကျောက်မဲမြို့နယ်မှ လွှဲပြီး စစ်ရေး ပြဿနာနဲ့ တခြား ပြဿနာမရှိဘဲ တိုင်းရင်းသားတွေ အောင်နိုင်ရန်သေချာတဲ့ နေရာတွေ ရွေးကောက်ပွဲမကျင်းပနိုင်တာ စဉ်းစားစရာဖြစ်လာပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် နိုဝင်ဘာ ၈ရက်၂၀၂၀မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ လွတ်လပ်ပြီးတရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ သာဖြစ်လာပါလိမ့်မယ် ။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...