ရခိုင်က တိုက်ပွဲမဖြစ်သည့် မြို့နယ်အချို့တွင် ရွေးကောက်ပွဲမကျင်းပဘဲ တိုက်ပွဲဖြစ်နေသည့် ပလက်ဝတွင်ရွေးကောက်ပွဲကျင်းပသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးပြော

ရခိုင်က တိုက်ပွဲမဖြစ်သည့် မြို့နယ်အချို့တွင် ရွေးကောက်ပွဲမကျင်းပဘဲ တိုက်ပွဲဖြစ်နေသည့် ပလက်ဝတွင်ရွေးကောက်ပွဲကျင်းပသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးပြော

ဆောင်းဇာခြည် - ရခိုင်က တိုက်ပွဲမဖြစ်သည့် မြို့နယ်အချို့တွင် ရွေးကောက်ပွဲမကျင်းပဘဲ ရခိုင်စစ်ပွဲ၏ ပထမဆုံးအခြေချသည့် ပလက်ဝမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အား မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

“စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်တာပေါ့နော်။ ဒါပေမယ့် တိုက်ပွဲလုံးဝမဖြစ်တဲ့ ကျောက်ဖြူတို့ ပေါက်တောတို့ တောင်ကုတ်တို့လို နေရာမျိုးတွေ ပါလာတာတော့ အံ့သြစရာ ကောင်းပါတယ်။ ဒါ့အပြင် ရခိုင်စစ်ပွဲနဲ့ ဆက်စပ်ပြီး ရခိုင်စစ်ပွဲရဲ့ ပထမဦးဆုံး အခြေချတဲ့ ပလက်ဝမြို့နယ်ဆိုရင်လည်းပဲ အခုထက်ထိ လမ်းပန်းဆက်သွယ်ရေးက သွားလို့တောင် မရဘူး။ ရိက္ခာ ဆန်သယ်ဖို့တောင် ခက်နေတယ်။ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကျင်းပပြီးတော့ ကျန်တဲ့နေရာမှာ မကျင်းပတာကတော့ UEC ကို မေးခွန်းမေးစရာ ဖြစ်နေပါလိမ့်မယ်။”

ရခိုင်ပြည်နယ်တွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၎င်းပြင် ကျောက်ဖြူမြို့နယ်၌ ရပ်ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်တွင် ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်စု ၄ ခု၊ တောင်ကုတ်မြို့နယ်တွင် ရပ်ကွက် ၁ဝ ခုနှင့် ကျေးရွာအုပ်စု ၅၂ ခုတို့၌ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်၌ ဥပဒေတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းက နိုင်ငံရေးဘောင်ကို ကျဉ်းလာစေပြီး စစ်ရေးဘောင်ကို ပိုမိုကျယ်လာမည်ကို စိုးရိမ်မိကြောင်းလည်း ဦးမောင်မောင်စိုးက ပြောသည်။

“ရခိုင်လူထုအတွက် တစ်ဖက်ကပြောရင် နစ်နာတာ တရားဝင်မှုပေါ့။ ကိုယ်က မက်ဆေ့ချ်ပေးပြီးတော့ အများ ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရားဝင်အသံထွက်နိုင်မှု ပျောက်တာပါပဲ။ ဒါကတော့ ဆုံးရှုံးတယ်လို့ ပြောရမှာပဲ။ တစ်ဖက်က ပြောရင်လည်းပဲ ရခိုင်ပါတီတွေ၊ တိုင်းရင်းသားပါတီတွေ အနိုင်ရလည်း ကိုယ့်ပြည်နယ်အစိုးရကို ကိုယ်မဖွဲ့နိုင်တဲ့အခြေနေမှာ သိပ်မထူးဘူးလို့လည်း ပြောလို့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အဆိုပါ မြို့နယ်အချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့သဖြင့်  ပြည်နယ်လွှတ်တော်၌ ရခိုင်ပြည်နယ် ကိုယ်စားပြု လွှတ်တော်အမတ် အနည်းဆုံး ၁၈ နေရာနှင့် ပြည်ထောင်စုလွှတ်တော်တွင်လည်း အနည်းဆုံး ပြည်သူ့လွှတ်တော် အမတ် ၉ နေရာနှင့် အမျိုးသားလွှတ်တော် ၇ နေရာ  နည်းသွားမည်ဖြစ်သည်။

Most read this week

May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...