ဘူးသီတောင်မြို့ပေါ်ရှိ NLD အောင်နိုင်ရေးဆိုင်းဘုတ် ၅ ခုဖျက်ဆီးခံရ

ဘူးသီတောင်မြို့ပေါ်ရှိ NLD အောင်နိုင်ရေးဆိုင်းဘုတ် ၅ ခုဖျက်ဆီးခံရ
စစ်တွေမြို့ လမ်းမကြီး၌ စိုက်ထူထားသည့် NLD အောင်နိုင်ရေး ဆိုင်းဘုတ်အား စက်တင်ဘာလ ၂၇ ရက်နေ့ညက ဖျက်ဆီးသွားပုံ။
စစ်တွေမြို့ လမ်းမကြီး၌ စိုက်ထူထားသည့် NLD အောင်နိုင်ရေး ဆိုင်းဘုတ်အား စက်တင်ဘာလ ၂၇ ရက်နေ့ညက ဖျက်ဆီးသွားပုံ။

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စိုက်ထူထားသည့် ဆိုင်းဘုတ်အခု ၄၀ ရှိသည့်အနက် ၅ ခုမှာ ဖျက်ဆီးခံလိုက်ရကြောင်း ယင်းပါတီထံမှသိရသည်။

ဆိုင်းဘုတ်များ ဖျက်ဆီးခံရသည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး ဖျက်ဆီးသူများအား အရေးယူနိုင်ရန် ဘူးသီးတောင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဘူးသီးတောင်မြို့နယ်၏ NLD ပါတီအတွင်းရေးမှူး ဦးအောင်ငြိမ်းက DMG သို့ ပြောသည်။

“ဖျက်ဆီးရတာ အခုတစ်ကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီ။ နေ့စွဲတွေ မှတ်မရတော့ဘူး။ မနေ့က ၂ ခု ဖျက်ဆီးခံ ရတယ်။ အောက်တိုဘာ ၁၅ မနက်မှာသွားကြည့်တော့ ၅ ခုအထိပျက်စီးနေတယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့် အေအေတို့တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအများစုတွင်လူနေထိုင်ခြင်းမရှိသည့်အတွက် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များကို ဘူးသီးတောင်မြို့ပေါ်၌သာ ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင်လည်း ရခိုင်အမျိုးသားပါတီ(ANP)၏ အောင်နိုင်ရေးဆိုင်းဘုတ် အချို့ဖျက်ဆီးခံရမှုရှိခဲ့ပြီး တောင်ကုတ်၊ မြေပုံ၊ မာန်အောင်နှင့် စစ်တွေမြို့နယ်တို့တွင်လည်း NLD မှ စိုက်ထူ ထားသည့် အောင်နိုင်ရေးဆိုင်းဘုတ်အနည်းဆုံး ၁၀ ခုခန့် ဖျက်ဆီးခံထားရကြောင်း သက်ဆိုင်ရာပါတီများထံမှ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...