မိုင်းတုံ၊မိုင်းဆတ် ကိုဗစ်လူနာရှိသဖြင့် မဲဆွယ်စည်းရုံးမှုရပ်နားထား

မိုင်းတုံ၊မိုင်းဆတ် ကိုဗစ်လူနာရှိသဖြင့် မဲဆွယ်စည်းရုံးမှုရပ်နားထား

Hseng Leng — သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၃)ဦးရှိသဖြင့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်ခွင့်ရပ်နားထားရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ၁၂ရက်မှ အောက်တိုဘာ ၁၄ ရက်ထိ သံလွယ်အရှေ့ခြမ်း မိုင်းတုံမြို့ တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ကားသမား ၁ ဉီး ကျန်းမာရေး၀န်ထမ်း ၁ ဉီးနှင့် မိုင်းဆတ်မြို့တွင် ကားသမား ၁ ဦးတွေ့ရှိပြီးနောက် အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုကို ခေတ္တရပ်ဆိုင်းထားကြောင်း ထိုနေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကပြောသည်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာ တွေ့ရှိပြီးနောက် ကျေးရွာလူထုက မဲဆွယ်စည်းရုံးမှုများကို လက်မခံ တော့ဟုဆိုသဖြင့် ရပ်နားထားရခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD)မှ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းဝဏ္ဏ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မိုးဆတ်မှာ တဦးပိုးတွေ့တာကြောင့် ရွာဘက်တွေက ကျနော်တို့ကို မဲဆွယ်ဖို့ ရွာထဲပေးမဝင်တော့ဘူး။ ကော်မရှင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ ပိတ်တာတော့ မဟုတ်ဘူး။ ” ဟု စိုင်းဝဏ္ဏ က ပြောသည်။

ထို့အတွက် ကိုယ်စားလှယ်လောင်းများမဲဆွယ်စည်းရုံးရေးဆင်းမှုနောက်ကျသဖြင့်အခက်အခဲများ ရှိနေကြောင်း ၄င်းက ဆက်ပြောသည်။

“ ကျနော်တို့ မဲဆွယ်ဆင်းဖို့နောက်ကျတာတွေဖြစ်လာတယ်။ သူတို့က စောင့်ကြည့်ဖို့ပြောတယ်။ အခြေအနေကောင်းရင်တော့ ကျနော်တို့ကို ဆက်သွယ်လာမယ် လို့ပြောတယ်။ ” ဟု စိုင်းဝဏ္ဏ ကပြောသည်။

အလားတူ မိုင်းတုံမြို့တွင်လည်း ကိုဗစ်-၁၉ လူနာ ၂ ဦး အထိရှိလာနေပြီဖြစ်သဖြင့်ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးဆင်းမှု ရပ်ထားကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲချုပ်(SNLD) မှ မိုင်းတုံမြို့ နယ် ပြည်သူ့လွှတ်တော်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နန်းအုန်းဖြူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းဆတ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတဦးနှင့် ထိတွေ့သူ (၇) ဦးရှိပြီး ဆေးစစ်ရာတွင် ပိုးမတွေ့ကြောင်း ၊ ပိုးတွေ့လူနာ ၁ ဉီးမှာ လက်ရှိမိုင်းဆတ်ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်း စိုင်းဝဏ္ဏ ကပြောသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...