တောင်ကုတ်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးသွား

တောင်ကုတ်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးသွား

မျိုးမြင့်ဇော် — ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမျိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနှင့်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ ၃ ဦးကို အရပ်ဝတ်ဖြင့် အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

၎င်းတို့ ၃ ဦးသည် အောက်တိုဘာ ၁၄ နံနက် ၈ နာရီအချိန်ခန့်တွင် တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ မဲဆွယ်စည်းရုံးရေးသွားကြပြီး ယင်းကျေးရွာရှိ နေအိမ်တစ်ခုမှာ နားနေကြစဉ် သေနတ်ကိုင်ဆောင်ထားသူ ၄ ဦးနှင့် ဓါးကိုင်ဆောင်ထားသူ ၁ ဦးတို့ လာရောက်ဖမ်းဆီးကာ စက်လှေဖြင့် ရမ်းဗြဲမြို့နယ်ဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် ဆွေးမျိုးတော်စပ်သည့် အမည်မဖော်လိုသူတစ်ဦးက ၎င်းတို့ ၃ ဦးကို ဖမ်းဆီးသွားသည်မှာ မှန်ကန်သော်လည်း မည်သူတို့က ဖမ်းဆီးသွားသည်ကို သတင်းအတိအကျမသိရှိရသေးကြောင်း ဆိုသည်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က "ကျနော် မသိဘဲ ဘယ်အဖွဲ့ဆိုတာ မပြောချင်ဘူး။ ဒါပေမဲ့ ဖမ်းဆီးတဲ့အပေါ်မှာ ပြောချင်တာကတော့ လုံဝလက်မခံဘူးရှုတ်ချတယ်။ ဒါက အဖြေမဟုတ်ဘူး။ ဒီလုပ်ရပ်ဟာ သူတို့သွားနေတဲ့ တော်လှန်ရေး(သို့မဟုတ်) ပန်းတိုင်ကိုရောက်နိုင်တဲ့ လမ်းမဟုတ်ဘူး''ဟု ပြောသည်။

လက်ရှိအချိန်၌ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအင်အား ၃၀ ခန့်သည် ဖမ်းဆီးခံရသည့် ကိုယ်စားလှယ်လောင်း သုံးဦးကို ရှာဖွေရန် ထွက်ခွာသွားကြသည်ကိုမြင်တွေ့ရကြောင်း တောင်ကုတ်မြို့ ဒေသခံများထံမှသိရသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...