ကလောမြို့နယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၂ဦး တွေ့ရှိ

ကလောမြို့နယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၂ဦး တွေ့ရှိ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ကားသမား များကို အောက်တိုဘာ ၃ရက်တွင် test kits ဖြင့် စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂ ဦး တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၃ ရက် မနက် ၆ နာရီ မှ ညနေ ၄ နာရီထိ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ (၃၉၉) ဦး စစ်ဆေးရာမှာ ကိုဗစ် -၁၉ အတည်ပြု လူနာ ၂ ဦးတွေ့ရှိခဲ့ကြောင်း သျှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ထံမှ စုံစမ်းသိရှိရသည်။

“ခုလောလောဆယ် မနက် ၆ နာရီမှ ၉ နာရီထိ စစ်ဆေးပေးသွားပါတယ်။ ညနေ ၄ နာရီထိ ၃၉၉ ယောက် စစ်ဆေးထားပြီးဖြစ်ပါတယ်။ ပိုးတွေ့ရှိမှုကို ပြည်နယ် ကျန်းမာရေး Page ကနေ ဖော်ပြသွားပါမယ်” ဒေါက်တာ ဇဝနကို ကပြောသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးမှာ တောင်ကြီး-ရန်ကုန် အဝေးပြေးယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တဦးဖြစ်ပြီး၊ ကျန်တဦးမှာ ၁၂ဘီး ကုန်တင်ယာဉ်မောင်း တဦးဖြစ်ပြီး ထို ၂ဦး နှင့် ထိတွေ့ ဆက်စပ်သည့် သူများကို လိုက်လံမေးမြန်းထားကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ယာဉ်မောင်းတဦး ကိုဗစ်-၁၉ စတင်တွေ့ရှိခဲ့ပြီးနောက် သျှမ်းပြည်အတွင်းသို့ ကုန်တင်ယာဉ် ဝင်ရောက်မှုကို သက်ဆိုင်ရာက တင်းကြပ်လိုက်ကြောင်း သိရသည်။

သျှမ်းပြည်တွင်း ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ယာဉ် နှင့် ယာဉ်နောက်လိုက်များကို test kit အခုရေ (၃၀၀၀) အသုံးပြုပြီး သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည်မြောက်ပိုင်း မှာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး သျှမ်းပြည်တွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်းဝင်ရောက်ပါက ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန င (၂) ပတ်အတွင်း ထုတ်ပြန်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ( Negative) ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ဖြတ်သန်းခွင့်ပြု မည်ဖြစ်ကြောင်း သျှမ်းပြည်အစိုးရ က ထုတ်ပြန်ထားသည်။

Rapid test kit သည် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးမှုကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စတင်အသုံးပြု ဆောင်ရွက်နေပြီဖြစ်ကြောင်း နာရီဝက်အတွင်း အဖြေရရှိနိုင်သည်ဟု သိရသည်။

သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်းဆေးရုံမှာ စက်တင်ဘာ (၂) ရက် ၈ နာရီက ထုတ်ပြန်ချက်အရ ပြည်ထောင်စု အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လက်ရှိဆေးရုံမှာ ဆေးကုသမှု ခံယူထားနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး ရှိကြောင်း သိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...