ရခိုင်စစ်ဘေးဒုက္ခသည် ၂ သိန်း ၃ နီးပါးရှိလာ၊ ၃ ပုံ ၂ ပုံခန့်မှာ စခန်းပြင်ပရောက်သူများဖြစ်နေ

ရခိုင်စစ်ဘေးဒုက္ခသည် ၂ သိန်း ၃ နီးပါးရှိလာ၊ ၃ ပုံ ၂ ပုံခန့်မှာ စခန်းပြင်ပရောက်သူများဖြစ်နေ
ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်ဘေးရှောင်စခန်းတစ်ခုမှ စစ်ဘေးဒုက္ခသည်တချို့ (ဓာတ်ပုံ- အောင်အောင်ထူး)
ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်ဘေးရှောင်စခန်းတစ်ခုမှ စစ်ဘေးဒုက္ခသည်တချို့ (ဓာတ်ပုံ- အောင်အောင်ထူး)

ရခိုင်တပ်အေအေနှင့် တပ်မတော်တို့၏ စစ်ရေးပဋိပက္ခများကြောင်း ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂၂၆,၈၀၄ ရှိလာသည်ဟု အောက်တိုဘာလ ၁ ရက်နေ့အထိ ကောက်ယူထားသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး - REC ၏ စာရင်းဇယားများအရ သိရသည်။

 

 မြို့နယ် ၁၇ ခုရှိသော ရခိုင်ပြည်နယ်၏ မြို့နယ် ၁၀ မြို့နယ်သည် အဆိုပါ စစ်ဘေးရှောင်များခိုလှုံရာအဖြစ်ပါဝင်နေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ စစ်တွေနှင့် ပေါက်တောတို့မှာဖြစ်သည်။

စစ်ဘေးရှောင်စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ဖြစ်သည့် ၁၄၈,၈၆၀ ဦးမှာ စခန်းပြင်ပရောက်ဒုက္ခသည်များဖြစ်ကာ ကျန် ၇၇,၉၄၄ ဦးမှာသာ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်လျှက်ရှိကြခြင်း ဖြစ်သည်။  

စစ်ရှောင်စခန်းပြင်ပရောက်ဦးရေစာရင်းပိုများနေရခြင်းမှာ အဆောက်အဦး မလောက်ငှခြင်း၊ တချို့သောကျေးရွာများတွင် တိုက်ပွဲဖြစ် ခြင်း၊ မီးရှို့ခံရခြင်းစသည့်ဖြစ်စဉ်များကြုံရလျှင် ဆွေမျိုးနှင့် နီးစပ်ရာကျေးရွာများတွင် ခေတ္တရှောင်နေလိုက်ပြီး အခြေအနေတည်ငြိမ်လျှင် ပြန်လာကြခြင်းများကြောင့်ဟု ယင်းစာရင်းများကို ကောက်ယူထားသည့် REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

REC ၏ စာရင်းအရဆိုလျှင် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့အထိ စခန်းအတွင်းအပြင် ဒုက္ခသည်ပေါင်း ၁၉၀,၀၀၀ကျာ်ရှိခဲ့ပြီး သုံးလအကြာတွင် ၃၀,၀၀၀ ခန့်တိုးလာခြင်းလည်း ဖြစ်သည်။

ယခုထွက်ရှိလာသော အရပ်ဖက်အဖွဲ့အစည်း၏ စာရင်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏စာရင်းမှာ များစွာကွာဟနေသည်။

ပြည်နယ်အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကပြောဆိုချက်တွင် စစ်ရှောင်စခန်းရောက် စာရင်းတွင် ၈၀,၀၀၀ ဝန်းကျင်နှင့် စခန်းပြင်ပစာရင်း တွင် ၆,၀၀၀ ကျော်ခန့်သာရှိသည်ဟု ဆိုသည်။  

“ဘေးစီမံက ပုံမှန်ထောက်ပံ့နေတာပဲ။ ဆန်၊ ရိက္ခာထောက်ပံ့တယ်။ တကယ်လို့ လိုအပ်တဲ့အခက်ခဲတွေရှိတယ်လို့ အစိုးရကိုတင်ပြလို့ ရှိရင်လည်း အစိုးရက ပေးနိုင်တဲ့ဟာကို ပေးတယ်။ တချို့ဆွေမျိုးတွေနေအိမ်မှာနေသူတွေကိုလည်း ဒါမျိုးအဆက်အသွယ်လုပ်ပြီးတော့ လည်း ထောက်ပံ့ပေးလို့ရှိတယ်။”ဟု ဦးဝင်းမြင့်က ပြောသည်။

အစပိုင်းတွင် ပြည်နယ်အစိုးရက စစ်ဘေးရှောင်အဖြစ်သတ်မှတ်ထားသူ တစ်ဦးစီကို တစ်နေ့ ၃၀၀ ကျပ်စီပေးအပ်ခဲ့ပြီး လက်ရှိမှာတော့ တစ်နေ့ကို ဆန်နို့ဆီဗူးနှစ်လုံးစီပေးကြောင်း သိရသည်။

အစိုးရ၏ ထောက်ပံ့မှုမှာ လက်ရှိအချိန်ထိ အားနည်းနေဆဲဖြစ်ပြီး လူမှုကူညီက ယ်ဆယ်ရေးအဖွဲ့များကို စစ်ဘေးရှောင်များအနေဖြင့် အားကိုးနေကြရကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဝေဖန်သည်။

“CSO အဖွဲ့တွေကတော့ တော်တော်များများလှူဒါန်းကြတယ်။ သူတို့က (စစ်ဘေးရှောင်တွေ) အသစ်ရောက်တယ်ဆိုတာနဲ့ အကုန်လုံး နေဖို့ထိုင်ဖို့ကူညီကြတယ်။ ပြည်ပရောက်ရခိုင်အဖွဲ့အစည်းကလည်း စာနာလို့ ထည့်ကြ  တာတွေ အများကြီးတွေ့ရတယ်။ အစိုးရဖက်က ကူညီမှုကတော့ ဒီနေ့အချိန်ထိ အားနည်းနေဆဲပဲလို့ ဆရာမက ပြောချင်တယ်။”

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...