နမ္မတူမြို့နယ် အတွင်း ဆယ်ကျော်သက် အမျိုးသမီးတဦး မီးရှို့ခံရသည့် အလောင်းတွေ့

နမ္မတူမြို့နယ် အတွင်း ဆယ်ကျော်သက် အမျိုးသမီးတဦး မီးရှို့ခံရသည့် အလောင်းတွေ့

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အောက်တိုဘာ ၁ ရက်တွင် ဆယ်ကျော်သက် အမျိုးသမီး တဦး မီးရှို့ခံရသည့် အလောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ မီးရှို့ခံရသည့် အမျိုးသမီး ရုပ်အလောင်းကို နမ္မတူ-လားရှိုးသွားရာလမ်း၊ နမ္မတူမြို့မှ (၇)မိုင်ခန့်ကွာဝေးသည့် ပန်းသပြေ ကျေးရွာ အနီးတွင် တွေ့ရှိကြောင်း ရုပ်အလောင်းကို သွားရောက် သယ်သည့် လူမှု အဖွဲ့အစည်းမှ ကိုချစ်မွှေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ လူမှုကူညီရေးအသင်းကို ရဲတပ်ဖွဲ့ က နေ့လည် ၁နာရီ ခွဲမှာ ဖုန်းဆက်လာလို့ ကျနော်တို့သွားသယ်တာ။ အမျိုးသမီးအလောင်းပါ။ အသက် က ၁၅၊၁၆ နှစ်ပဲ ရှိမယ်” ဟု ကိုချစ်မွှေး ကပြောသည်။

လက်ရှိ အချိန်ထိ မီးရှို့ခံရသည့် အမျိုးသမီး၏ ဆွေးမျိုးများကို မသိရှိသေးကြောင်း၊ အမျိုးသမီး၏ ရုပ်အလောင်းကို နမ္မတူ ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် ပို့ဆောင်ထားကြောင်း ကိုချစ်မွှေးက ဆိုသည်။

မီးရှို့သတ်ခံရသည့် အမျိုးသမီး၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(နမ္မတူ) နှင့် မေတ္တာရှင် နာရေး လူမှုကူညီရေးအသင်းမှ သွားရောက်သယ်ဆောင်ကာ နမ္မတူ ဆေးရုံ ရင်ခွဲရုံသို့ဆေးစစ်ချက်ရယူရန် သယ်ဆောင်သွားကြောင်း သိရသည်။

အမျိုးသမီး တဦးကို သတ်ပြီး မီးရှို့သွားမည့် တရားခံကို သက်ဆိုင်ရာမှစစ်ဆေးနေကြောင်းသိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...