ကုန်တင်ယာဉ် နှင့် ခရီးသည်ယာဉ် များ ထွက်ခွာခွင့် ၁၄ ရက် ပိတ်မည်

ကုန်တင်ယာဉ် နှင့် ခရီးသည်ယာဉ် များ ထွက်ခွာခွင့် ၁၄ ရက် ပိတ်မည်

နန်းဆိုင်ဖူး — သျှမ်းပြည်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ ကုန်တင်ကား နှင့် ခရီးသည်တင်ယာဉ်များ ထွက်ခွာခွင့် (၁၄) ရက် ပိတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တွင်းသို့ ကုန်တင်ကားနှင့် ခရီးသည်တင်ယာဉ်များ ဝင်/ထွက် သွားလာခွင့်ကို အောက်တိုဘာ ၁ မှ ၁၄ ရက်ထိ ယာယီပိတ်ထားလိုက်ကြောင်း သျှမ်းပြည်အစိုးရ အဖွဲ့က စက်တင်ဘာ (၃၀) ရက်တွင် ပြုလုပ်သည့် သျှမ်းပြည်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၌ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“ ထောက်ခံစာရှိရင်လာလို့ရပါတယ်။ ဒါပေမယ့် အဲ့ထောက်ခံစာက ၂ပတ်အတွင်း ရောဂါ ကင်းရှင်းကြောင်းထောက်ခံချက်ဖြစ်ရမယ်” ဟု မူဆယ်  သစ်သီးပွဲရုံ ပိုင်ရှင် စိုင်းမြင့်ဘို က သျှမ်းသံတော်ဆင့်ကိုပြောသည်။

မူဆယ်မြို့သို့လာမည့် ကုန်တင်ကားသမားများအနေဖြင့် ကျန်းမာရေး ထောက်ခံစာပါရမည်ဖြစ်ကြောင်း၊ ထောက်ခံစာပါမှသာလျှင် ဝင်ခွင့်ပေးမည် ဖြစ်ကြောင်းသိရသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ကားသမားတဦးထံ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

သျှမ်းပြည် အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်းဝင်ရောက်လာပါက ကုန်တင် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက (၂) ပတ်အတွင်း ထုတ်ပေးထားသည့် Covid-19 ရောဂါ ကင်းရှင်းကြောင်း (Negative) ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ဖြတ်သန်းခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်အတွင်းမှ ကုန်တင်ယာဉ်များ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့ ထွက်ခွာခွင့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်ထိ ခေတ္တရပ်ထားနားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၃၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့က ပိုးတွေ့ လူနာ ၂ ဦး နှင့် ပင်းတယမြို့နယ်က ပိုးတွေ့ လူနာ ၁ ဦး ပါဝင်ပြီး ညောင်ရွှေပိုးတွေ့လူနာ ၂ ဦးသည် ယာဉ်နောက်လိုက်များ ဖြစ်ကြောင်း သိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...