Music Zone ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေမပုဒ်မ(၂၅)ဖြင့် အမှုဖွင့်

Music Zone ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေမပုဒ်မ(၂၅)ဖြင့် အမှုဖွင့်

အနည်းဆုံး လူ ၉၀ ကျော်ကို COVID-19 ကူးစက်စေခဲ့သည်ဆိုသော နေရာတစ်ခုဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်မှ Music Zone KTV ဆိုင်ပိုင်ရှင် နှင့် မန်နေဂျာဖြစ်သူတို့ကို သဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အောက်တိုဘာ ၁ရက်တွင် အမှုဖွင့်လိုက်ပြီဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ်က COVID-19 အတည်ပြုလူနာသစ် ၇၂ ဦးမှာ Music Zone KTV ဆိုင် ဝန်ထမ်းများဖြစ်

သင်္ဃန်းကျွန်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အရေးယူ ခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက ပြောသည်။

“မြို့နယ် ဆရာဝန်ကြီးကနေပြီးတော့ သဘာဝဘေးအန္တရာယ်ဥပဒေပေါ့နော်။ ပုဒ်မ ၂၅နဲ့ ပိုင်ရှင်နဲ့ မန်နေဂျာကို တရားစွဲဆိုလိုက်ပြီလို့ သိထားပါတယ်” ဟု ဒေါက်တာကျော်စွာဦးက ပြောကြားသည်။

Music Zone KTVနှင့် စားသောက်ဆိုင်ပိုင်ရှင် ဦးဇော်မင်းနှင့် မန်နေဂျာဖြစ်သူ ကိုကျော်ကျော်တို့အား ယနေ့ အောက်တိုဘာ ၁ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောကြားသည်။

Music Zone ပိုင်ရှင်အား အမှုတည်ဆောက်ပြီး တရားစွဲရန်လုပ်ဆောင်နေသည်မှာ တစ်လနီးပါးခန့်ရှိနေပြီး တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များကြောင့် ယနေ့မှ အမှုဖွင့်ဖြစ်ခြင်းဖြစ်ကြောင်းနှင့်သင်္ဃန်းကျွန်းမြို့ နယ် ဆရာဝန် ကြီးက တရားလိုပြုလုပ်ကာ သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ အမှုဖွင့်ထားခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။    

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ပြန်လည်ဖွင့်လှစ်ခွင့် ပေးချိန်တွင် Music Zone အား စားသောက်ဆိုင်အနေဖြင့်သာ ဖွင့်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက ဆိုသည်။  

 “နည်းနည်းလေး ကိုဗစ် ဖြစ်ပွားမှုနည်းလာတဲ့အခါမှာ စားသောက်ဆိုင်တွေကို ပြန်ပြီးတော့ take away ကနေ ဆိုင်ထိုင်ပေးဖို့အတွက် စီစဉ်ကြတာပေါ့နော်။ အဲ့ဒီ Music Zoneကို သင်္ဃန်းကျွန်း ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေး ပေါ်တုံ့ပြန်ရေးအနေနဲ့ ခွင့်ပြုခဲ့တာက စားသောက်ဆိုင်အနေနဲ့ ခွင့်ပြုခဲ့တာပါ။ စားသောက်ဆိုင်ကိုလည်း ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ခုံတစ်ခုံနဲ့ တစ်ခုံခြောက်ပေခြားဖို့၊ တတ်နိုင်သလောက် social distancing ကို လိုက်နာပြီး ခပ်ခွာခွာနေဖို့ အဲ့ဒါတွေကို ကြည့်ပြီးတော့မှ လေဝင်လေထွက်ကောင်းအောင်  တတ်နိုင်သလောက် တံခါးတွေဖွင့်ထားဖို့ အဲ့လိုမျိုး စိစစ်ပြီးတော့မှ စားသောက်ဆိုင်အနေနဲ့ ဖွင့်ခွင့်ပေးခဲ့တာပါ။ စားသောက်ဆိုင်အနေနဲ့ပဲ ဖွင့်တယ်လို့ ကျွန်တော်တို့က သိထားတာ” ဟု မြို့နယ် COVID ကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်စွာဦးကပြောသည်။

Music Zone KTV ဆိုင်ကို စက်တင်ဘာ ၄ရက်တွင် စာရေးဝန်ထမ်းအမျိုးသမီး နှစ်ဦး၌ ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း သိရှိချိန်မှစတင်ကာ မြို့နယ်ကိုဗစ် ကော်မတီက Lockdown ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၉ရက်နေ့ ထုတ်ပြန်ချက်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း အတည်ပြုလူနာ ၇၃ ဦးအနက် လူနာ ၇၂ ဦးသည် Music Zone KTV ဆိုင်မှ ဝန်ထမ်းများဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မူ တစ်ခုခုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် (သို့မဟုတ်) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

အလားတူ ပုဒ်မမျိုးဖြင့် အရေးယူခံရဖူးသူမှာ ပြည်သူများအကြား ဂယက်ရိုက်ခဲ့သည့် တရားဟောဆရာ စောဒေးဗစ်လားဖြစ်သည်။  

သို့သော် ၎င်းသည်  ဒေသန္တရအမိန့်ကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) ဖြင့် တရားရုံးကပုဒ်မပြောင်းကာ အလုပ်နှင့် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...