ကိုဗစ်လူနာကုသရန် ခွင့်ပြုချက်ရပါက ပုဂ္ဂလိကဆေးရုံ ၂ ရုံ ၁ လအတွင်း အသုံးပြုနိုင်မည်

ကိုဗစ်လူနာကုသရန် ခွင့်ပြုချက်ရပါက ပုဂ္ဂလိကဆေးရုံ ၂ ရုံ ၁ လအတွင်း အသုံးပြုနိုင်မည်

ကိုဗစ်လူနာကုသရန် ပုဂ္ဂလိကဆေးရုံသစ်နှစ်ရုံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက တစ်လအတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း အောက်မြန်မာပြည် ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာ အေးအေးစန်းက မဇ္ဈိမကို ပြောသည်။

လိုအပ်သည့် ပြင်ဆင်မှုနှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည်းဆည်းပြီးပါက အဆိုပါ ဆေးရုံသစ်နှစ်ရုံတွင် ကိုဗစ်လူနာ ၁၅ဝ ဝန်းကျင် ကုသနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဒေါက်တာ အေးအေးစန်းက “တစ်ရုံက လူနာ တစ်ရာလောက် လက်ခံနိုင်မယ်။ နောက်တစ်ရုံက ငါးဆယ်လောက် လက်ခံနိုင်မယ်။ အဲ့ဒါတွေကလည်း ဆေးရုံအသစ်တွေ။ အဲ့ဒါကြောင့် လိုအပ်တဲ့ ပြုပြင်မှုတွေပေါ့နော်။ ပစ္စည်းပစ္စယနဲ့ ကျန်းမာရေးဝန်ထမ်း ဖြည့်ဆည်းတာတွေ လုပ်ရမှာအတွက် အစိုးရဆီက ခွင့်ပြုချက်ရပြီး ချိန်ကစပြီး သုံးပတ်နဲ့ တစ်လလောက်အတွင်း လူနာလက်ခံနိုင်မယ်လို့ အစ်မတို့ သိရပါတယ်။ လောလောဆယ် proposal (အဆိုပြုချက်) တင်ထားပါတယ်” ဟု ပြောသည်။

ကိုဗစ်ကူးစက်ဖြစ်ပွားသူ အရေအတွက် မြင့်တက်နေသောကြောင့် ပုဂ္ဂလိက ဆေးရုံများမှာပါ ကိုဗစ်လူနာများ ကုသနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်လူနာများ ကုသနိုင်မှု မရှိသေးကြောင်း သိရသည်။

“ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်လူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေဘက်က ကုသနိုင်အောင် မူအားဖြင့် သဘောတူပါတယ်လို့ ပြောထားတာရှိတယ်။ အဲ့ဒါကြောင့် အစ်မတို့ ပုဂ္ဂလိကဆေးရုံများ အသင်းမှာလည်း အစည်းအဝေးလုပ်ပြီးတော့ ဘယ်ဆေးရုံကနေပြီးတော့ ကိုဗစ်လူနာ ကုသတာ လုပ်ပေးနိုင်မလဲဆိုတော့ အခုလက်ရှိ ဆေးရုံအများစုကတော့ ကိုဗစ်မဟုတ်တဲ့ လူနာတွေ လက်ခံတာရှိတဲ့အတွက် နှစ်ခုတွဲပြီးတော့ လုပ်ပေးလို့တော့ အဆင်မပြေပါဘူး။ အဲ့ဒါကြောင့် အသင်းထဲကနေပြီးတော့ ဆေးရုံနှစ်ရုံ ထွက်လာတာပါ” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကူးစက်ဖြစ်ပွားမှု အများဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ထိန်းချုပ်ရေး ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းမှ ကျန်းမာရေး ဝန်ထမ်းများ၊ လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ ပါဝင်ကူညီလျက်ရှိသည်။

ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာ၊ တောင်ဒဂုံရှိ အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာနှင့် ရိုးမရိပ်သာ (၂) တို့တွင် ပူးပေါင်းအားဖြည့် ဆောင်ရွက်ထားသည့် ပုဂ္ဂလိက ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းဦရေ ၂၅ဝ ဝန်းကျင်ရှိပြီး အောက်တိုဘာ ၂ ရက်နေ့တွင် အထက်မြန်မာပြည် ပုဂ္ဂလိက ဆေးရုံများအသင်း လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်း ၅ဝ ဦး ရန်ကုန်သို့ ထပ်မံရောက်ရှိလာမည် ဖြစ်ကြောင်းလည်း သိရသည်။

ကိုဗစ်မဟုတ်သည့် အခြားရောဂါခံစားနေရသော လူနာများကို ကုသပေးနေရသောကြောင့် ကိုဗစ်လူနာများကို လက်ခံကုသပေးနိုင်မည် မဟုတ်ကြောင်း ပုဂ္ဂလိကဆေးရုံအချို့က အသီးသီးထုတ်ပြန်မှုလည်းရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...