ရန်ကုန်မှာဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းချင်းအမျိုးသားဦးကောလ်လျန်

ရန်ကုန်မှာဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းချင်းအမျိုးသားဦးကောလ်လျန်

“ကျနော်တို့က မြန်မာနိုင်ငံ ပြည်ထောင်စုတစ်ခုလုံးမှာ ကျနော်တို့က သွားပြီးယှဉ်ပြိုင်သင့်ပါတယ် ဆိုတဲ့ နမှုနာပြချင်လို့ပါ။ ချင်းပြည်နယ်နဲ့ကလေးမြို့တစ်ခုတည်းကျနော်တို့နယ် မဟုတ်ပါဘူး”

၂၀၁ဝခုနှစ်အထွေအထွေရွေးကောက်ပွဲတွင် ချင်းအမျိုးသမီးဒေါ်ကမ်ခန်းဒိမ်မှNDFပါတီကိုယ်စားပြု၍ ရန်ကုန်မြို့တောင်ဥက္ကလာမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်ဦးအောင်သိန်းလင်းကိုရှုံးနိမ့်ခဲ့ပါသည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅)တွင်၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးဦးဆောင်သည့်ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ်ချင်းအမျိုးသားဦးကောလ်လျန်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ဦးကောလ်လျန်ကိုချင်းဝေါလ်မီဒီယာမှရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်းအကြောင်းအရင်းကိုယခုလိုဆက်သွယ်မေးမြန်းထားပါသည်။

CW – ဆရာရဲ့နာမည်နဲ့ ဘဝအကြောင်း လူထုဆီမိတ်ဆက်ပေးပါ

U Kawl Lian- ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)ဖြစ်တဲ့ ရန်ကင်း၊ တောင်ဥက္ကလာပ၊ တာမွေနဲ့ သင်္ဃန်းကျွန်းမြို့နယ်များမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းဦးကောလ်လျန်ဖြစ်ပါတယ်။ ကျနော်က ဖလမ်းမြို့နယ် ရာလမ်းရွာကနေ မွေးဖွားပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ ဝိဇ္ဇာဘွဲ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ ပညာဆက်လက်သင်ကြားဖို့ ထွက်ခွာခဲ့တယ် ၊အဲဒီမှာ မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့ ရရှိခဲ့ပါတယ် ၊ နောက်ပြီးတော့ တက္ကသိုလ် နှစ်ခုမှာ ပေါမောက္ခအနေနဲ့ ဆက်လက်ပြီး အလုပ်လုပ်ခဲ့တယ် နောက်ပြီး ကုလသမဂအကြံပေးအရာရှိ အနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်လောက်မှာ မြန်မာနိုင်ငံကို ပြန်လာပြီးတော့ ၂၀၁၈ ခုနှစ်မှာ ပြည်သူ့ပါတီဝင်ခဲ့ပါတယ်။ အခု ၂၀၂၀ ခုနှစ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြည်သူ့ပါတီကနေ ယှဉ်ပြိုင်မှာဖြစ်တယ်။

 

CW- ဆရာ ရွေးကောက်ပွဲ ဝင်ရတဲ့ အကြောင်းရင်းပြောပြပါ။

U Kawl Lian- ၈ လေးလုံးရဲ့ မှုဝါဒတွေနဲ့ ကိုက်ညီပါတယ်။ ကျနော့်မှုဝါဒနဲ့လည်း ကိုက်ညီပါတယ်။ တိုင်းပြည်ကို နိုင်ငံတော်သစ် တည်ထောင်ဖို့ ပုံစံအသစ်ကို ပြောင်းလဲပစ်ပြီးတော့ တိုင်းပြည်ကို ဒီမိုကရေစီအစစ် ဖက်ဒရယ််ပြည်ထောင်စု အစစ်အမှန် ဖြစ်ဖို့ ကြိုးစားချင်လို့ပါ။

CW- ချင်းတစ်ယောက်ဖြစ်ပြီး ပြည်သူ့ပါတီကနေ ရန်ကုန်မှာပြိုင်ဖြစ်ရတဲ့ အကြောင်းအရင်းပြောပြပါ။

U Kawl Lian- ကျနော်တို့က မြန်မာနိုင်ငံ ပြည်ထောင်စု တစ်ခုလုံးမှာ ကျနော်တို့က သွားပြီးယှဉ်ပြိုင်သင့်ပါတယ် ဆိုတဲ့ နမှုနာပြချင်လို့ပါ။ ချင်းပြည်နယ်နဲ့ ကလေးမြို့တစ်ခုတည်း ကျနော်တို့နယ် မဟုတ်ပါဘူး တခြားတိုင်းနဲ့ ပြည်နယ်မှာလည်း သွားပြီးတော့ ပြိုင်ရမှာဖြစ်တယ်။

CW- ဆရာရဲ့ မဲဆန္ဒနယ်မှာ ဘယ်မြို့နယ်တွေပါလဲ၊ NLD ပါတီကို နိုင်မယ်လို့ထင်ပါသလား

U Kawl Lian- ကျတော် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် နေရာဖြစ်တဲ့အတွက်ကြောင့် ရန်ကင်း၊ တောင်ဥက္ကလာပ၊ တာမွေနဲ့ သင်္ဃန်းကျွန်းမြို့နယ် လေးမြို့နယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်။ အဲဒီနယ်မှာ NLD အပါဝင် တခြားပါတီတွေလည်း ယှဉ်ပြိုင်ပါတယ် ကျနော့်အနေနဲ့ နိုင်တယ် မနိုင်တယ် အဓိကမထားပါဘူး တိုင်းပြည်အတွက် ပိုမိုတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်ဘဲရှိပါတယ်။

CW – ရွေးကောက်ပွဲ နိုင်ရင် လူထုအတွက် ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ။

U Kawl Lian- ဟိုတယ်နဲ့ ခရီးသွား ပညာရှင်တစ်ယောက် အနေနဲ့ ဟိုတယ်နဲ့ ခရီးသွားပိုင်းကို ပိုမို တိုးတက်အောင်လို့ လုပ်ပေးချင်ပါတယ် အဲဒီကနေ ဝင်ငွေ ရချင်ပါတယ်။ အဲဒီဝင်ငွေတွေနဲ့ ပြည်သူပြည်သူ ပြည်သားတွေ အကုန်လုံး ကူညီပေးချင်ပါတယ်။

CW – ရန်ကုန်မှာရှိတဲ့ ဆရာရဲ့ မဲဆန္ဒနယ်က ချင်းတွေကို ဘာများ ပြောချင်ပါသလဲ။

U Kawl Lian- ရန်ကုန်မှာရှိတဲ့ ချင်းတွေ တော်တော်များများက ကျနော့်ကို ထောက်ခံအားပေးကြတယ် တချို့တွေဆိုရင် မဲဆွယ် ရန်ပုံငွေအတွက် ပိုက်ဆံထည့်တဲ့သူတွေလည်း အများကြီးရှိတယ်။ ကျနော့်ကို အားပေးတဲ့သူအားလုံးကို ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...