တရုတ်ပြည်သို့ မြန်မာကုန်တင်ယာဉ် တရက် အစီး ( ၁၅၀ )သာ ဝင်နိုင်

တရုတ်ပြည်သို့ မြန်မာကုန်တင်ယာဉ် တရက် အစီး ( ၁၅၀ )သာ ဝင်နိုင်

နန်းဆိုင်ဖူး — ကိုဗစ်-၁၉ ကာလမှာ တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ် တစ်ရက်လျှင် ကားအစီးရေ (၁၅၀) ဝန်းကျင်သာ ပို့ဆောင်နိုင်ကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ မြန်မာ – တရုတ် နယ်စပ်မှာ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့်ကုန်တင်ယာဉ် တစ်ရက်လျှင် ကားအစီးရေ (၁၅၀) ခန့်သာ ရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးခင်မောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။



“တစ်ရက်ကို ကား အစီး (၁၅၀) လောက်ပဲ ဝင်လို့ရတယ်။ တန်းစီ ထားတဲ့ ကားတွေက ၃၀၀ လောက်ရှိတယ်။ အကုန်ဝင်လို့ မရဘူး။ ” ဟု ဦးခင်မောင် ကပြောသည်။



မြန်မာနိုင်ငံမှ တရုတ်သို့ဝင်မည့် ကုန်ကားများသည် ယာဉ်မောင်း အစားထိုးမောင်းရသဖြင့် အခက်အခဲရှိပြီး အချိန်ကုန်ကြောင်း ၊ တရုတ်ပြည်သို့ဝင်ရန် အတွက် တစီးလျှင် တပတ်စောင့်ဆိုင်းရကြောင်းလည်း ဦးခင်မော်က ပြောသည်။



ကိုဗစ်-၁၉ မဖြစ်ခင် ကာလတွင် မြန်မာ မှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ကုန်တင်ယာဉ်ပေါင်း (၆၀၀) ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။



“ကိုဗစ် မဖြစ်ခင်ကတော့ ကုန်တင်ယာဉ်တွေ တစ်ရက် ၅၀၀ ၊ ၆၀၀ လောက် တရုတ်ဘက်ခြမ်း ဝင်လို့ရတယ်” ဟု ဦးခင်မောင် ကပြောသည်။



စက်တင်ဘာ (၁၅) ရက်မှ စပြီး တရုတ်နယ်စပ် ရွှေလီ ၊ ကျယ်ဂေါင် နှင့် ဝမ်တိန်မြို့တို့ကို တရုတ်ဘက်မှ lockdown ချခဲ့ပြီး စက်တင်ဘာ (၂၁) ရက်နေ့မှာ တရုတ်ဘက်မှ ပြန်လည်ဖွင့်ပေးခဲ့ကြောင်းသိရသည်။



ရွှေလီမြို့မှာ ကိုဗစ် -၁၉ အတည်ပြု လူနာ ရှိသည့် အတွက် ရွှေလီ၊ ကျယ်ဂေါင် နဲ့ ဝမ်တိန်မြို့တို့မှာ နေထိုင်သည့် ပြည်သူ အားလုံးကို ကိုဗစ်-၁၉ စစ်ဆေးပေးခဲ့ပြီး ပိုးတွေ့လူနာ မရှိသည့်အတွက် တရုတ်ဘက်မှ Lockdown ဖြေလျော့ပေးခဲ့ကြောင်းသိရသည်။။



မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ကုန်သွယ်ရေးဇုန် တစ်ခုဖြစ်သည်။မြန်မာ-တရုတ်နယ်စပ် ဝင်၊ ထွက် ဂိတ်များတွင် ကုန်ပစ္စည်း စီးဆင်းမှု သာဖွင့်လှစ်ပေးခဲ့ပြီး၊ လူဝင် ၊ လူထွက် များကို ဧပြီလနှောင်းပိုင်းက စတင်ပြီး ပိတ်လိုက်ကြောင်း သိရသည်။



ကမ္ဘာတဝှမ်းတွင် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် စီးပွားရေး ကျဆင်းသလို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာရပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...
January 7, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးမှ...
January 7, 2026
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း...