သိန်းနီမြို့နယ်တွင် ရေကြီးမှုဖြစ်ကာ ဆုံးရှုံးမှုများစွာရှိ

သိန်းနီမြို့နယ်တွင် ရေကြီးမှုဖြစ်ကာ ဆုံးရှုံးမှုများစွာရှိ

သျှမ်းပြည် မြောက်ပိုင်း သိန်းနီမြို့နယ် နမ့်စလပ်ကျေးရွာတွင် မိုးသည်ထန်းရွာသွန်းမှုကြာင့် နေအိမ်နှင့် လယ်ယာပျက်စီးဆုံးရှုံးမှုများကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာ ၂၆ရက် မနက်ပိုင်း ၁ နာရီအချိန်တွင် မိုးသည်ထန်းစွာရွာသွန်းပြီး တောင်ကျရေ နှင့် ပေါင်းစပ်မှူကြောင့် ရေကြီးရေလျှံဖြစ်ပွားကာ နေအိမ်များရေဝင်ပြီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း။ လယ်ယာမြေများစွာလည်း ပျက်စီးခဲ့ကြောင်း သိန္နီပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မိုးက တစ်ညလုံးရွာပြီး တောင်ကျရေနဲဆိုတော့ ရေကြီးသွားတာ။ အိမ်ခြေ ၃၆အိမ် လောက်တော့ ရေနှစ်သွားတယ်။ အိမ်ပျက်စီး ဆုံးရှုံးတာက တော့ (၃) အိမ်ရှိတယ်။ ပြိုသွားတာအိမ်တွေက နဲနဲဟောင်းနေပြီး။ အိမ်ကလည်း ကြာနေပြီး” ဟု စိုင်းဦးခမ်းက ပြောသည်။

ထို့ပြင် ရေကြီးမှုကြောင့် လယ်ယာမြေ များစွာ နစ်ခဲ့ကြောင်း၊ လက်ရှိ မှာ ဆုံးရှုံးသွားသည့် လယ်ယာမြေများကို စာရင်းကောက်နေကြောင်းလည်း သိရသည်။

“ လယ်တွေကတော့ ရေနှစ်သွားတယ်။ အခုတော့ စိုက်ပျိုးရေး ဘက်ကလည်း သွားပြီး စာရင်းတွေ လိုက်ကောက်နေ သေးတယ်။ စုစုပေါင်း ဘယ်လောက်ဆုံးရှုံးမှု ရှိလဲဆိုတာတော့ ပြောလို့မရသေးဘူး” ဟု စိုင်းဦးခမ်း က ဆိုသည်။

သျှမ်းပြည် မြောက်ပိုင်း သိန်းနီမြို့နယ်အတွင်း ယခုကဲ့သို့ရေကြီး ရေလျှံမှုမျိုး တကြိမ်တခါမျှ မရှိခဲ့ပေ။

အဆိုပါ ရေကြီးမှု ဖြစ်ရခြင်းသည် အဓိက အားဖြင့် ရေမြောင်းထဲ အမှိုက်များ စွန့်ပစ်ခြင်း၊ သစ်ခုတ်မှုများဖြစ်ပွားခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း စိုင်းဦးခမ်းက ထပ်လောင်းပြောသည်။

“ မိုးရွာက ည ၁၁နာရီလောက်က။ ၂နာရီမှာ ရေတွေ အိမ်ထဲဝင်တော့ အိပ်မရတော့ဘူး။ ညကြီးထွက်ပြေးရတာ။ ဘာပစ္စည်းမှ မရခဲ့ဘူး။ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ အားလုံးဆုံးရှုံ့းတယ်” ဟု နန်းယိင်းဆိုင် က ပြောသည်။

ရေကြီးရေလျှံမှုကြောင့် လူသေပျောက်မှု မရှိခဲ့သော်လည်း နေအိမ်ထဲသို့ရေဝင်မှုကြောင့် အိမ်သုံးပစ္စည်းများ၊ တကိုယ်ရည်သုံးပစ္စည်းများ အားလုံးဆုံးရှုံးခဲ့ကြောင်း နန်းယိင်းဆိုင် က ဆိုသည်။

“ ကျမတို့ လယ်တွေ အားလုံး ပျက်စီးသွားပြီ။ ဘာမှ မရဘူး။ ဒီနှစ်တော့ မလှူနိုင် မဒါန်းနိုင်တော့ဘူး။ တခါမှ မဖြစ်ဖူးဘူး” ဟု စပါး ဆုံးရှုံးသွားသည့် အသက် ၅၀ အရွယ်ရှိ အမျိုးသမီး ကပြောသည်။

သိန်းနီမြို့နယ် နမ့်စလပ်ကျေးရွာ ရှိ ရေဘေးဒုက္ခသင့်နေသည့် ပြည်သူများကို သက်ဆိုင်ရာ မှကူညီထောက်ပံ့ပြီး၊ ဆုံးရှုံးသွားသည့် ပစ္စည်းများ၊ လယ်ယာများစာရင်းကို ကောက်ပြီး ကူညီထောက်ပံ့ပေးရန်လည်း ရှိကြောင်းသိရသည်။

ထိုနည်းတူ စက်တင်ဘာ ၂၄ တွင် ရွှေသတ္တု တူးဖော်သည့် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင်း နားဟိုင်းလုံကျေရွာတွင် မိုးသည်ထန်းစွာရွာသွန်းမှူကြောင့် နေအိမ်တွင် ရေဝင်ခဲ့ကြောင်းသိရသည်။

January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...
January 7, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးမှ...
January 7, 2026
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း...