တပ်မတော်ကိစ္စ ဒေါက်တာ မျိုးညွန့် မှတ်ချက် JFM က ဝေဖန်

တပ်မတော်ကိစ္စ ဒေါက်တာ မျိုးညွန့် မှတ်ချက် JFM က ဝေဖန်

တပ်မတော်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်၏ မှတ်ချက်ကိုJustice For Myanmar (JFM) အဖွဲ့က ပြစ်တင်ဝေဖန်လိုက်သည်။

“တပ်မတော်ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့အချက်က ခေတ်မီလက်နက်တွေရှိမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ ရဝမ်ဒါနိုင်ငံမှာဆိုလည်း ဓားနဲ့ပဲ သိန်းနဲ့ချီပြီး သတ်ခဲ့တာ ရှိပါတယ်။ တိုးတက် ခေတ်မီတာက နိုင်ငံချင်းဖြစ်ပွားတဲ့ နယ်စပ်ဖြတ်ကျော် အငြင်းပွားမှုတွေမှာ အသုံးဝင်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က စက်တင်ဘာလ ၁၇ ရက်နေ့တွင် မော်ကွန်း မဂ္ဂဇင်းသို့ ဖြေကြားချက်အပေါ် Justic For Myanmar က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကို စစ်လက်နက်ပစ္စည်း ပံ့ပိုးကူညီခြင်းအားဖြင့် NLD ဦးဆောင်သော အစိုးရသည် တပ်မတော်က ကျူးလွန်သည့် ရာဇဝတ်ပြစ်မှုများတွင် ကြံရာပါအဖြစ် ပါဝင်နေသည့် သဘောမျိုး ဖြစ်နေကြောင်း၊ ဒေါက်တာ မျိုးညွန့်၏ မှတ်ချက်သည် ကျူးလွန်ခံရသူနှင့် အသက်ရှင် လွတ်မြောက်လာသူတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားပြည်သူများအပေါ် လျစ်လျူရှုမှု ဖြစ်ကြောင်း ဝေဖန်ထားသည်။

ထို့အပြင် ဤမှတ်ချက်သည် တပ်မတော်၏ စစ်လက်နက်ဝယ်ယူအားဖြည့်မှုကို ထောက်ခံအားပေးနေပြီး နိုင်ငံတကာ ဥပဒေကို ဆန့်ကျင်သွေဖည်နေသည်ကို ထပ်တိုး သက်သေဖြစ်ကြောင်း၊ NLD ဦးဆောင်အစိုးရက လေးစား လိုက်နာရမည့် နိုင်ငံတကာ တာဝန်ဝတ္တရာများ၊ ဒီမိုကရေစီတာဝန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝတ္တရားများဖြစ်သည့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ပြည်သူများကို မခွဲခြားဘဲ ကာကွယ်ပေးရန် လျစ်လျူရှုရာ ရောက် ကြောင်းလည်း ဝေဖန်ထားသည်။

အကြမ်းဖက်မှု သံသရာကို ရပ်တန့်ပြီး စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးကို လုပ်ဆောင်ပေးရန် Justic For Myanmar က တောင်းဆိုထားပြီး တပ်မတော်ကို အရပ်ဘက် ထိန်းချုပ်မှုအောက်တွင် ထားရန်လည်း တိုက်တွန်းထားသည်။

 Justice For Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရေး စည်းရုံးလှုံ့ဆော်နေသည့် အဖွဲ့ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေးရှုလျက် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...