ထိုင်း DDC က ထိုင်း-မြန်မာ နယ်စပ်မြို့များကို အနီးကပ် စောင့်ကြည့်နေ

ထိုင်း DDC က ထိုင်း-မြန်မာ နယ်စပ်မြို့များကို အနီးကပ် စောင့်ကြည့်နေ

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှု စက်တင်ဘာလ ၂၃ ရက်နေ့က ၅၉၂ ဦးအထိ မြင့်တက်သွားပြီးနောက် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာမြို့များကို ထိုင်း ရောဂါထိန်းချုပ်ရေးဌာန (DDC) က အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ဒုတိယလှိုင်း မဖြစ်ပွားစေရန် အထူးသဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ငှာရမ်းမှုကို ထိုင်းစီးပွားရေးလုပ်ငန်းများ ရပ်တန့်သင့်ကြောင်း၊ မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ အခြေအနေမှာ အလွန် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း DDC ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆုဝန်နာချိုင်း ဝတ်တန်နာယင်ချာရိုအင်ချိုင်းက ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်လာပုံမှာ တစ်ရက်လျှင် ကိုဗစ်လူနာ ၁ သိန်းခန့် စစ်ဆေးတွေ့ရှိနေသည့် အိန္ဒိယနိုင်ငံ၏ လားရာနှင့် ဆင်တူနေသည်ဟု စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ ဆုဝန်နာချိုင်းက ပြောသည်။

ထိုင်း၏ အိမ်နီးချင်း မြန်မာနိုင်ငံတွင်သာမက မလေးရှားနိုင်ငံတွင်လည်း ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေပြီး စက်တင်ဘာလ ၂၃ ရက်နေ့က ကူးစက်သူ ၁၀၃၅၈ ဦး ရှိနေသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီးကို အဝင်အထွက် ပိတ်ပင်ကန့်သတ်လိုက်ပြီး စာသင်ကျောင်းနှင့် အထည်ချုပ်စက်ရုံများလည်း ပိတ်လိုက်ရကာ ပြည်သူများလည်း နေအိမ်မှ အလုပ်လုပ် (work from home) ရန် ညွှန်ကြားထားသည်။

“ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု မရှိစေဖို့ ဌာနပေါင်းစုံက ပူးတွဲ လုပ်ဆောင်နေပါတယ်။ ပြည်သူ့ကျန်းမာရေး အရာရှိတွေ ကွန်ရက်ကလည်း နိုင်ငံခြားသား အလုပ်သမားတွေကို နယ်စပ်ဧရိယာတွေမှာ စိစစ်နေပါတယ်” ဟု ဒေါက်တာ ဆုဝန်နာချိုင်းက ပြောသည်။

နိုင်ငံခြားသား အလုပ်သမားများ ခိုးသွင်းသည့် လူကုန်ကူးဂိုဏ်းများ ပြင်းထန်စွာ အရေးယူခံရမည်ဟုလည်း သူက သတိပေးခဲ့သည်။

DDC ၏ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနခွဲ အကြီးအကဲ ဝါလာရီရတ် ချိုင်ဖူးကလည်း ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ စာရင်းအရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီနှင့် ထိစပ်နေသည့် မွန်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၆၉ ဦး၊ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီတို့နှင့် ထိစပ်နေသည့် ကရင်ပြည်နယ်တွင် ၃၆ ဦး၊ ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်တို့နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တွင် ၂၃ ဦး၊ ကန်ချနဘူရီ၊ ရတ်ချဘူရီ၊ ဖက်ချဘူရီ၊ ပရာချွတ် ကီရိခန်၊ ရနောင်းတို့နှင့် ထိစပ်နေသည့် တနင်္သာရီတိုင်းတွင် ၂၁ ဦး အသီးသီးရှိနေသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...