ဆေးရုံများ၌ နေရာအခက်အခဲရှိနေသည့်အတွက် အနံ့မရသူများအား နေအိမ်သို့ ပြန်လွှတ်

ဆေးရုံများ၌ နေရာအခက်အခဲရှိနေသည့်အတွက် အနံ့မရသူများအား နေအိမ်သို့ ပြန်လွှတ်

ဖျားနာကုအခမဲ့ဆေးခန်း (Fever clinics) များသို့ လာရောက်ပြသသည့် COVID-19 သံသယလူနာများထဲမှ အနံ့မရသူများအား ဆေးရုံသို့ပို့ဆောင်ရာတွင် နေရာအခက်အခဲရှိနေခြင်းကြောင့် နေအိမ်သို့ ပြန်လွှတ်နေရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် နေရာအခက်အခဲများဖြစ်နေခြင်းကြောင့်  အသက်ကြီးပြီး ရောဂါအခံရှိသူများ၊ နာတာရှည်ရောဂါရှိသူများ၊ စိုးရိမ်ရသည့်လူနာများကိုသာ ဆေးရုံသို့ တက်ရောက်စေပြီး မြို့နယ်အသီးသီးရှိ Fever Clinics (ဖျားနာကုအခမဲ့ဆေးခန်းများ) သို့ လာရောက်ပြသကြသည့် COVID-19 ရောဂါ သံသယလူနာများနှင့် ရောဂါအခံမရှိသူများ၊ ရိုးရိုးဖျားနာသူများ အား ဆေးရုံမတက်စေဘဲ နေအိမ်သို့ ပြန်လွှတ်ကာ တို့ဖတ်နမူနာ၏ အဖြေ၌ပိုးတွေ့ရှိမှသာ ဆေးရုံသို့ တက်ရောက်စေသည်။

သို့သော် ၄င်းသံသယလူနာများ နေအိမ်သို့ ပြန်လာပါက ရပ်ကွက်နေပြည်သူများမှ လက်မခံချင်ကြကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောသည်။

“လူနာတွေများတဲ့အတွက် ပြန်ပြန်လွှတ်တဲ့အတွက် ကျွန်တော်တို့က ဒီကို ပြန်လာရင်  ရပ်ကွက်ထဲမှာ ဒီလူတွေကိုလည်း လူတွေက သိနေတာ။ အနံ့ပျောက်တယ်ဆိုတော့ တက္ကစီတွေဘာတွေနဲ့မလာနဲ့ ကျွန်တော်တို့ လူနာ တင်ယာဉ်တွေနဲ့ခေါ်ပေးတာဆိုတော့ လူတွေက သိနေတယ်။ သိနေတော့ ဒီလူတွေကို ပြန်ဝင်လာရင် စိုးရိမ်တာပေါ့။ ဘာလို့စိုးရိမ်လဲဆို သူတို့အိမ်တွေမှာ မိသားစုတွေရှိနေတယ်။ တချို့ဆိုရင် မိသားစုက လေး ငါးယောက် လောက်ရှိနေတော့ သူတို့ကလည်း သက်သက်ကို ခွာနေဖို့က ခက်နေတာပေါ့။ အဲ့တွက် စိုးရိမ်စိတ်တွေများပြီး ကျွန်တော်တို့ဆီကို တောက်လျှောက်တက်တယ်။ တက်တော့ ကျွန်တော်တို့ကလည်း ပို့မပေးနိုင်ဘူး။ သူတို့ကို စာရင်းမှတ်ထားပြီးတော့မှ ပို့ပို့ပေးရတဲ့အတွက် အတော် ဂွကျလာတယ်။ ကြာလာလေ လူနာက ဖြစ်လာတာများလာတယ်။ ဒီဘက်က ပို့ပေးနိုင်တဲ့စွမ်းအား ဆေးရုံလက်ခံနိုင်တဲ့ စွမ်းအားက နည်းလာတဲ့အတွက်” ဟု လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဆိုသည်။

လှိုင်မြို့နယ်တွင် အိမ်ပြန်လွှတ်ခံရသည့် သံသယလူနာများအား ထားရှိရန်အတွက် လှိုင်တက္ကသိုလ် ကွာရန်တင်းစင်တာရှိ မေခဆောင်တွင် ပြင်ဆင်ထားသည်။

တိုင်းကျန်းမာရေးဦးစီးဌာနမှ စောင့်ကြည့်လူနာများအား ဆေးရုံအဆင့်ရှိသည့် နေရာများသို့သာ ပို့ဆောင်ရန်ညွှန်ကြားထားမှုများရှိနေခြင်းကြောင့် အခက်ကြုံနေရကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောသည်။  

“ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပြီ။ ကုတင်တွေရော အိပ်ရာခင်းတွေရော ခေါင်းအုံးတွေရော အကုန်လုံး သန့်ရှင်းရေးလည်း အကုန်လုပ်ပြီးသွားပြီ။ လူနာလည်း ၁၅၀လောက်ဆန့်တဲ့နေရာကြီးဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့ကထည့်လိုက်ချင်တာ။ ကျွန်တော်တို့က ဘယ်လိုစီစဉ်ချင်လဲဆိုတော့ ဒီလူတွေကို ဒီမှာထားလိုက်ပြီးတော့ swap ယူလိုက်ချင်တာ။ swap ယူလိုက်ရင် သူတို့ကွဲပြားသွားမယ်။ negative ဆိုလည်း သူတို့ပြန် လွှတ်လိုက် positiveဆိုရင်လည်း ဖောင်ကြီးတို့ ဘာတို့ပို့လိုက်ပေါ့။ ဆေးရုံတွေပေါ့ COVID စင်တာတွေကို ပို့လိုက်ပေါ့” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးသည် COVID-19လူနာအများဆုံးတွေ့ရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး

အင်းစိန်းမြို့နယ် fever clinic မှအပ ကျန်မြို့နယ်များရှိ fever clinicများတွင် တို့ဖတ်နမူနာရယူနိုင်ခြင်းမရှိသေးသည့်အတွက်  အဆင်ပြေမည့် ဆေးရုံးများသို့ပေးပို့ကာ ဆေးစစ်ချက်အဖြေရယူပေးနေရကြောင်း ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

“ ကျွန်တော်တို့မှာလည်း အခက်အခဲမျိုးစုံရှိတယ်။ fever clinic လာပြတယ်။ fever clinic ကနေပြီးတော့ သံသယလူနာတွေကို ဆွဲထုတ်လိုက်တယ်။ ဒီလူနာသံသယဆိုပြီးတော့ သတ်မှတ်လိုက်တယ်။ သတ်မှတ်ပြီးတော့ အဲ့လူနာကို swap ယူဖို့ အစီစဉ်ဆွဲရတယ်။ အဲ့ဒါကလည်း ဆေးရုံမှာပဲ ယူလို့ရတယ်။ fever clinic မှာ လက်ရှိအတိုင်းအတာအရ မရသေးဘူး။ အင်းစိန်ရဲ့ fever clinic မှာပဲ ယူလို့ရသေးတယ်။ အဲ့တော့ ဘယ်ဆေးရုံချောင်လဲ ချောင်တဲ့ဆေးရုံကို ပတ်ရှာပြီးတော့ ကျွန်တော်တို့ swap ယူပေးတယ်ပေါ့နော်” ဟု Community Fever Clinic Yangon Network မှ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

ဖျားနာကုအခမဲ့ဆေးခန်း(Fever clinics)များသို့ လာရောက်ပြသသည့် လူနာမှာ တစ်ရက်လျှင် ၅၀ကျော်ခန့်ရှိပြီး ထိုထဲတွင် အနံ့မရသည့် လူနာ အယောက် ၃၀ခန့်ပါဝင်ကြောင်း သိရသည်။

အနံ့မရသည့် COVID-19 သံသယလူနာ ၁၀ ဦးတွင် ကိုး ဦး၌ ရောဂါပိုးတွေ့ရှိသဖြင့် အနံ့မရသည့် သံသယလူနာအများစုတွင် ရောဂါပိုးတွေ့ရှိတတ်ကြောင်း Community Fever Clinic Yangon Network မှ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ဆိုသည်။

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...