ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်းအား အဂတိကော်မရှင်သို့ တိုင်ကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးဟုဆို

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်းအား အဂတိကော်မရှင်သို့ တိုင်ကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးဟုဆို

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ငွေကြေး သုံးစွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ စက်တင် ဘာလ ၈ ရက်နေ့က တိုင်ကြားစာ ပေးပို့ထားပြီဖြစ်သော်လည်း စက်တင်ဘာ ၂၂ ရက်အထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကပြောသည်။

ဦးသဲရယ်သည်  ကယားပြည်နယ် ဝန်ကြီးချုပ် အပေါ်စွပ်စွဲ ပြစ်တင်မှု၌ ကယားပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

ဦးသဲရယ်က “ လက်ရှိကျနော်တို့ သိတာကတော့ သိန်း ပေါင်း ၅၀၀၀ ဝန်းကျင် လောက် တွေ့ရ ပါတယ်။  ဒီလောက်များတဲ့ ငွေကြေးကို ဒီတိုင်း လွှတ်ထား မယ်ဆိုလို့ ရှိရင်လည်း ဒီလိုကိစ္စ မျိုးကို လွှတ်ထားတဲ့ လူတွေ လည်း သူတို့မှာ အဂတိလိုက်စား၊ အဂတိ မြောက်တယ်လို့ ကျနော်တို့ စွပ်စွဲလို့ ရတယ်” ဟု ပြောသည်။

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို ပြည်နယ် ရန်ပုံငွေ အလွဲသုံးစား လုပ်ခြင်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာ အဖွဲ့အစည်း အနေဖြင့် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဖရုဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ( ၁ ) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် ပြောသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြော ရေး ဆိုခွင့်ရှိသူ  ဦးကျော်စိုးက “ စုံစမ်း စစ် ဆေးရေး ကိစ္စရပ် ဖြစ်တယ် ဆိုရင်လည်း တိုင်ကြား စာတွေကို လျှို့ဝှက် ထားတယ် စုံစမ်းစစ် ဆေးရေး စာတွေကို လျှို့ဝှက် ထားရ ပါတယ် ပြီးမှသာ ကျနော်က လုပ်ငန်းဆောင် ရွက်ချက် ပြီးသွားပြီ ဆိုတဲ့ အချိန်မှာ ပြည်သူ လူထုကို အသိ ပေးတဲ့ ကိစ္စကို ထုတ်ပြန် ပေးတယ် တချို့ကိစ္စ တွေကျတော့ တိုင်ကြား သူကို အကြောင်းပြန်ကြားစာလေးတွေ ပို့ပေးပါ တယ်”ဟု မဇ္ဈိမ သတင်း ဌာနကို ပြောသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ ဥပဒေနှင့် အညီ ပြဌာန်းထားသော အဖွဲ့ အစည်း ဖြစ် သည့် အတွက် ဥပဒေနှင့် အညီ  ဆောင်ရွက်ရကြောင်း  ဦးကျော်စိုးက ရှင်းပြသည်။

ကယားပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် အခြေခံ၍ ပြည်နယ်ဝန်ကြီးချုပ်အား လွှတ်တော်တွင် စွပ်စွဲ ပြစ်တင်ကြောင်း အဆိုတင်သွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲ ဖြင့်  လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့် အတွက် တာဝန်မှ ရပ်နားခံခဲ့ရခြင်း ဖြစ်သည်။

လစ်လပ်သွားသည့် ဝန်ကြီးချုပ်နေရာကို  ခေတ္တဝန်ကြီးချုပ် အဖြစ် ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကိုအား ခန့်အပ်ထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...