တောင်ကြီးမြို့ ပြည်တွင်းစစ် ဆန့်ကျင်ကြ Photo Campaign ပြုလုပ်

တောင်ကြီးမြို့ ပြည်တွင်းစစ် ဆန့်ကျင်ကြ Photo Campaign ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတွင် စက်တင်ဘာ ၂၁ ရက်ကကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်းစစ်ဆန့်ကျင်ကြ “ Photo Campaign” ကို ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲနီးလာချိန် ဖြစ်သည့်အတွက် ရခိုင်ပြည် နှင့် ချင်းပြည် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ပေးရန် တွန်းအားပေးချင်သည့်အနေဖြင့် “ ပြည်တွင်းစစ်ကိုဆန့်ကျင်”သည့် ကမ်ပိန်း ပြုလုပ်ရခြင်းဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေး သိပ္ပံ ဒါရိုက်တာ ကိုဝင့်ထည်ကောင်းမြတ် က ပြောသည်။

“ ရွေးကာက်ပွဲရှိနေတာနဲ့တစ်ပြိုင်နက်ထဲဘဲ ရခိုင်ပြည် နဲ့ ချင်းပြည်နယ် မှာ စစ်ပွဲတွေဖြစ်နေတယ်။ လူထုတွေကလည်း သိရှိမှုအားနည်းတယ်။ အစိုးရတွေကတော့ သိရှိပေမယ့် ဒီအပေါ်မှာကို ကျယ်ကျယ်လောင်လောင်နဲ့ ပြည်သူထိခိုက်မှုတွေကို လုပ်ဆောင်ပေးဖို့ ပျက်ကွက်နေတယ်။ အဲပေါ်မှာ ကျနော်တို့ တွန်းအားတစ်ခုပေးချင်တဲ့ အနေနဲ့ ပြုလုပ်တာပါ” ကိုဝင့်ထည်ကောင်းမြတ် က ပြောသည်။

လက်ရှိ အချိန်ထိ ရခိုင်ပြည် စစ်ပွဲ အတွင်း သေဆုံးသူ ၂၉၀ ရှိပြီး၊ မသန်စွမ်းသူ ၆၅၀ နှင့် စစ်ဘေးရှောင် ပြည်သူ ၂ သိန်းကျော်ရှိပြီး ဖြစ်ကြောင်း ကိုဝင့်ထည်ကောင်းမြတ် ကပြောသည်။

“ကျနော်တို့လူငယ် အနေနဲ့ ပြည်တွင်းစစ်ကို အတူဆန့်ကျင်မယ်ဆိုရင် တနေ့ကျရင် ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးကိုရနိုင်မယ်။ ကျနော်တို့ ပြည်သူတွေအားလုံး က ဒီပြည်တွင်းစစ်ကို ဆန့်ကျင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်” ဟု ကမ်ပိန်းတွင်ပူးပေါင်းပါ၀င်သည့် လူငယ် ကိုဇော် ကပြောသည်။

အဆိုပါ Photo Campaign ကို အရပ်အဖွဲ့အစည်းများ၊ မိုင်းပန်လူငယ်အဖွဲ့အစည်း၊သျှမ်းတောင် အမျိုးသမီးအဖွဲ့၊ တရားဥပဒေစိုးမိုးရေး အဖွဲ့ နှင့် လူငယ် (၆၀) ခန့် တို့ပူပေါင်းပါဝင်ခဲ့ပြီး၊ “ပြည်တွင်းစစ်ဆန့်ကျင်ကြ” ဆိုသည့် စာသားကို ကိုင်ကာ ဓာတ်ပုံရိုက်ခြင်း၊ ငြိမ်းချမ်းရေး အတွက် စကားပြောကြားခြင်းတို့ ပြုလုပ်ကြောင်းသိရသည်။

“ ကိုဗစ် -၁၉ အခြေအနေမို့ ကျနော်တို့က လူမစုချင်ဘူး။ ဖိတ်ထားတဲ့ လူကလည်း ၆၀ လောက်ဘဲ တစ်ခါထဲလူစုပြီးပြုလုပ်တာမဟုတ်ဘူး။ Campaign Massage ကို ပေးနိုင်တဲ့ အနေထားနဲ့ ပြုလုပ်တာပါ” ဟု ဝင့်ထည်ကောင်းက ထပ်လောင်းပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့် အမျိုးသမီးများ ပိုပြီး ပါဝင်လာမှသာလျှင် ငြိမ်းချမ်းရေးကို ပိုပြီး ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း Legal Aid for Human Right မှ မသော်တာဆွေ က ပြောသည်။

“ ဒီ ၂၀၂၀ ရွေးကာက်ပွဲမှာဆိုရင် တိုင်းရင်သားတွေပိုပြီးပါမှ အမျိုးသမီးတွေပိုပြီးပါမှ ငြိမ်းချမ်းရေးကို ပိုပြီးဆွေးနွေးနိုင်မယ်” မသော်တာဆွေက ပြောသည်။

စက်တင်ဘာ ၂၁ရက်သည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့မှသတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ရောက်လာတိုင်း နေရာဒေသ ပေါင်းစုံ ငြိမ်းချမ်းရေး အတွက် ဆုတောင်းစကားများ၊ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်ပွဲများကို ပြုလုပ်ကြသည်။

သို့သော် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီး ယနေ့ထိတိုင် ဖြစ်နေပြီး၊ ယနေ့ချိန်ထိ မငြိမ်းချမ်းသေးပေ။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...