၂ ပတ် ယာယီပိတ် သိမ်းမည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများကို ထောက်ပံ့မှုပေးမည်

၂ ပတ် ယာယီပိတ် သိမ်းမည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများကို ထောက်ပံ့မှုပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းနှစ်ပတ် ယာယီပိတ် သိမ်းမည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများကို ထောက်ပံ့မှုပေးရန် စီစဉ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောသည်။

“အစိုးရအနေနဲ့က လူမှုဖူလုံရေးပေးထားတဲ့ လုပ်ငန်းတွေကို အဲ့ထဲမှာရှိတဲ့ လုပ်သားတွေကို သူတို့ရဲ့ လုပ်ခလစာရဲ့ နေ့တွက်ရဲ့ ၄၀ ရာခိုင်နှုန်းကို ဒီပိတ်ထားတဲ့ ရက်တွေထဲမှာ SSB (လူမှုဖူလုံရေး) ရန်ပုံငွေထဲကနေပြီးတော့ ကျွန်တော်တို့ထုတ်ပေးမယ်ပေါ့နော်။ ဒါပေမယ့် SSB မဆောင်ထားတဲ့ လူမှုဖူလုံရေးမဆောင်ထားတဲ့ လုပ်ငန်းမှာရှိတဲ့ ဝန်ထမ်းတွေအတွက်ကျတော့ SSB ကနေပြီးတော့ ကျခံလို့မရဘူးဖြစ်နေတယ်။ ဒါပေမယ့် အဲ့ SSB ကကျခံလို့ မရတဲ့အခါကျတော့ ဒါကိုဘယ်လိုလုပ်မလဲပေါ့နော်။ ဒီအတွက်ကိုကျတော့ ဝန်ကြီးဌာနက နေပြီးတော့ အစိုးရကိုတင်ပြထားပြီးတော့ ကျွန်တော်တို့ အဲ့ဒီလူတွေအတွက်ကိုလည်း တနည်းတဖုံထောက်ပံ့ပေး ဖို့ဆိုပြီးတော့ ဒါလေးကို စဉ်းစားနေတာရှိတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံများ ရပ်နားခဲ့ရာတွင် တချို့လုပ်ငန်းများအား No work No pay (အလုပ်ပိတ်ထားလျှင် လုပ်အားခမရ) ဆိုသည့် သဘောဖြင့် ညှိနှိုင်းလုပ်ဆောင်မှု မျိုးရှိ ခဲ့သည်။

လက်ရှိတွင် လူမှုဖူလုံရေးကြေးပေးဆောင်ထားခြင်းမရှိသည့် အလုပ်သ မားများနှင့်ပတ်သက်၍ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေးနေကြောင်း ၄င်းကဆိုသည်။

“သူတို့ရဲ့ လုပ်ခလစာ ရှင်းပေးတဲ့ကာလရောက်တဲ့အခါကျရင်တော့ အဲ့ဒီအတွက်ကို လုပ်ရမှာပေါ့နော်။ ဥပမာဆိုရင် တချို့တွေဆိုရင် လကုန်ပေးတာရှိတယ်။ တချို့ဆိုရင် လဆန်း ၃ရက် ၅ရက် စသဖြင့် အဲ့လိုမှ ပေးတာရှိတယ်။ အဲ့တော့ ဒီလုပ်ငန်းအရွယ်အစားနဲ့ သူ့ရဲ့ ခါတိုင်းလုပ်နေကျ ပုံစံပေါ်မှာ မူတည်ပြီးတော့ပဲ ပေးနိုင်အောင်လို့ အဲ့ဒါတွေကို ညှိနှိုင်းဆောင်ရွက်ပြီးတော့ လုပ်သွားမှာပါ” ဟု ဦးအေးဝင်းက ပြောသည်။

ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်လူမှုဖူလုံရေးထည့်ဝင်ကြေးပေးသွင်းထားသည့် အလုပ်သမားများအတွက် လူမှုရေးဖူလုံရေး ဥပဒေနှင့်အညီ ပေးအပ်သွားရန် စီစဉ်ထားရှိကြောင်းနှင့် လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်း ထားခြင်းမရှိသည့် အလုပ်သမားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦး သိန်းဆွေက စက်တင် ဘာ ၂၁ရက်က UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၆၆၃၂ ရုံရှိပြီး အလုပ်သမားအင်အားစုစုပေါင်း ၆သိန်း ၈သောင်းကျော် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...