မိုင်းလားမြို့မှ ရွှေ့ပြောင်းအလုပ်သမား (၆၀)ကျော် တောင်ကြီးရောက်

မိုင်းလားမြို့မှ ရွှေ့ပြောင်းအလုပ်သမား (၆၀)ကျော် တောင်ကြီးရောက်

အထူးဒေသ(၄) မိုင်းလားတွင်သွားရောက်အလုပ်လုပ်သည့်ရွှေ့ပြောင်းအလုပ်သမား (၆၀) သည်  စက်တင်ဘာ ၂၁ ရက် မွန်းလွှဲပိုင်း ၂နာရီခန့်တောင်ကြီးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ထို ရွှေ့ပြောင်းအလုပ်သမားများသည် မိုင်းလား မှပြန်လာပြီး တောင်ကြီးသို့ ခေတ္တ ခဏနားကာ သက်ဆိုင်ရာ မြို့သို့ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခွန်သက်နှောင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မိုင်းလာကနေတစ်ဆင့် ပြန်လာမဲ့သူတွေဖြစ်ပါတယ်။ ဒီတစ်ခေါက် ကတော့ (၆၀) ကျော်ထက်ဝင်လာတယ်။ ကျတော်တို့ က ဒီကနေတစ်ဆင့် ကားကို ပြန်စီစဉ်ပေးပြီး သင်ဆိုင်ရာမြို့နယ်ကို ပြန်ပို့ပေးတာပါ” ဟု ဒုတိယဦးစီးမှူ ဦးခွန်သက်နှောင်း က ပြောသည်။

အဆိုပါဝင်လာသူများကို သက်ဆိုင်ရာမြို့သို့ ပြန်ပို့ရာတွင် ကားခများကို တစ်ချို့ကိုသာ အစိုးရ ဘက်မှ ထောက်ပံ့ပေးကြောင်း သိရသည်။

“ဒီကိုရောက်လာတဲ့ သူတွေကတော့ တစ်ချို့က ကားခကို တက်နိုင်ကြတယ်။ လုံး၀ ငွေကြေး အခက်ခဲရှိတဲ့သူတွေကိုတော့ ကျတော်တို့ဖက်နေပြီးထောက်ပံ့ပေးတယ်” ဟု ဦးခွန်သက်နှောင်းက ပြောသည်။

သျှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့ထဲသို့ ရွှေပြောင်း အလုပ်သမားများကို မိမိနေထိုင်ရာသို့ ပြန်ပို့ဆောင်ပေးရာတွင် ဧပြီလ မှ စတင်လက်ခံပြီး အခုချိနိထိ (၅၀၀၀) ကျော်ရှိပြီးဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ထဲသို့ မြဝတီမှ တရားဝင်ဖြင့် ဝင်ရောက်လာသူများကို Quarantine ထားရာတွင် အစိုးရဖက်မှ စားစရိတ်များကို ထောက်ပံ့ပေးပြီး ကိုယ့်မြို့နယ် ကိုယ်အစီနဲလာသူများကို တစ်ရက်ကို (၄၀၀၀) နှုန်းဖြင့် Quarantine ဝင်ရသည် ဟု ဦးခွန်သက်နှောင်း က ပြောသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...