ဒေါ်အောင်ဆန်းစုကြည်ကို ဆာခါရော့ဗ် အသိုင်းအဝိုင်းဝင်အဖြစ်မှ ဆိုင်းငံ့

ဒေါ်အောင်ဆန်းစုကြည်ကို ဆာခါရော့ဗ် အသိုင်းအဝိုင်းဝင်အဖြစ်မှ ဆိုင်းငံ့

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပပါလီမန်၏ လူ့အခွင့်အရေးဆုဖြစ်သည့် ဆာခါရော့ဗ်ဆု အခမ်းအနားများကို ဖိတ်ခေါ်ခြင်း ပြုတော့မည် မဟုတ်ဘဲ ဆာခါရော့ဗ် အသိုင်းအဝိုင်းဝင်အဖြစ်မှ ဆိုင်းငံ့မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ အမတ်များက စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြောသည်။

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကြောင့် ကန့်ကွက်သည့် အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ စစ်အစိုးရကလက်ထက် ၁၉၉၀ ပြည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆာခါရော့ဗ်ဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ (မူရင်း) အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းကို တားမြစ်ရန် ပျက်ကွက်ခြင်းကြောင့် ဆာခါရော့ဗ်ဆု အခမ်းအနားများ တက်ရောက်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်ဟု ဥရောပသမဂ္ဂအမတ်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရကာ အာဏာရလာပြီးနောက် ရာစုနှစ် ထက်ဝက်ကြာ စစ်အစိုးရအုပ်စိုးမှုကို အဆုံးသတ်စေခဲ့သော်လည်း တပ်မတော်က ရိုဟင်ဂျာ (မူရင်း) မွတ်စလင်များအပေါ် နှိပ်ကွပ်မှုကို ရှုတ်ချရန် ပျက်ကွက်သည်ဟု နိုင်ငံတကာက စွပ်စွဲထားသည်။

ရိုဟင်ဂျာ (မူရင်း) အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ပေးအပ်ခံရသည့် ဆုအချို့ ရုပ်သိမ်းခံရပြီး ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆု ပြန်ရုပ်သိမ်းပေးရန် တောင်းဆိုခံရကာ သူမကို ထောက်ခံခဲ့သူအချို့ကလည်း ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားသည့် ဆာခါရော့ဗ်ဆုကို ပြန်ရုတ်သိမ်းမည် မဟုတ်သကဲ့သို့ ဆုငွေ ယူရို ၅၀၀၀၀ (အမေရိကန် ဒေါ်လာ ၅၉၀၀၀) ကိုလည်း ပြန်လည်ပေးအပ်ရန် တောင်းဆိုမည် မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သူမ၏ ဒီမိုကရေစီ ပေါ်ထွန်းရေးတွင် ပါဝင်သည့် အခန်းကဏ္ဍနှင့် ၂၀၁၀ ပြည့်နှစ်အထိ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရခြင်းကြောင်းဖြစ်ကြောင်း ဥရောပ ပါလီမန်က ပြောသည်။

ဆာခါရော့ဗ် အသိုင်းအဝိုင်းတွင် ဥရောပလွှတ်တော် အမတ်များ၊ ဆုရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများပါဝင်ပြီး ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...