စည်းရုံးရေး အတွင်းအငြင်းပွားမှု မဖြစ်စေရန် မဲဆွယ်ခရီးစဉ် စာတင်ရ

စည်းရုံးရေး အတွင်းအငြင်းပွားမှု မဖြစ်စေရန် မဲဆွယ်ခရီးစဉ် စာတင်ရ

နန်းဆိုင်ဖူး — ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် အငြင်းပွားမှု မဖြစ်စေရန် အတွက် ပါတီ ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ် စည်းရုံးရေးသွားမည့် နေရာကို ကြိုတင်ပြီး ရွေးကောက်ပွဲ ကော်မရှင်ထံ စာတင်ထားရကြောင်း သိရသည်။

စက်တင်ဘာ (၈) ရက်မှ စတင်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က နိုင်ငံရေး ပါတီ အသီးသီးကို တရားဝင် မဲဆွယ် စည်းရုံးရေး စတင်ခွင့် ပြုလိုက်သည်။

“မဲဆွယ်တဲ့ ခရီးစဉ်တွေကို တစ်နေရာ သွားပြီး ထပ်မှာစိုးလို့ အဲ့လို ထပ်ပြီးရင် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ အငြင်းပွားစရာ ဖြစ်လာမှာဆိုးလို့ ကြိုတင်ပြီး စာတင်ခိုင်းတာပါ။ စာတင်ပြီးမှ ကော်မရှင်က အဲ့ဒါမှ သိမှာပေါ့။ ပါတီတွေက အများကြီးဆိုတော့ သူ့ အလှည့် ကိုယ့်အလှည့် အဆင်ပြေအောင် သွားရတာပေါ့။” ဟု သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးသည့် နေရာတွင် တစ်ပါတီ နှင့် တစ်ပါတီ မထပ်စေရန်အတွက် ကြိုတင်ပြီး မဲဆွယ် စည်းရုံးမည့် လမ်းကြောင်းကို လိုက်လျောညီထွေမှုရှိအောင်ကြိုတင်မဲဆွယ် စည်းရုံးခွင့်လျှောက်ထားရခြင်းဖြစ်ကြောင်း ဦးထင်ကျော် က ထပ်လောင်းပြောသည်။

“စာတွေ တင်ဖို့ ကျနော်တို့ plan ဆွဲထားပါတယ်။ ကျနော်တို့အတွက်က ဒီလောက်ကြီး အခက်ခဲမရှိပါဘူး။ Plan ဆွဲထားပြီးတော့ တင်ရုံပဲ ရှိတာပါ။” ဟု မူဆယ် မဲဆန္ဒနယ် အမှတ်(၂) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် SNLD ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်ဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပါတီစည်းရုံးရေးဆင်းခွင့် လျှောက်ထားရာမှာ ဘယ်နေ့ ဘယ်ရက်မှာ ဘယ်မြို့နယ် ဘယ်ကျေးရွာ မှာ စည်းရုံးရေး ဆင်းမည်ဆိုတဲ့ ခရီးစဉ်အကြောင်းကို ကြိုတင်ပြီး စာတင်ရခြင်း ဖြစ်သည်။

စုဝေးဟောပြောခြင်း နှင့် မဲဆွယ် စည်းရုံးခြင်းအား လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီး (၁၅) ရက်အတွင်း တင်ရမည်ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက် ထိ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တင်ပြသွားရန် နှင့် အချိန်ကျော်လွန် တင်ပြသော မဲဆွယ်စည်းရုံးခွင့် လျှောက်လွှာများအား ခွင့်ပြုပေးမည် မဟုတ်ကြောင်း သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...