တက္ကသိုလ်၊ ကောလိပ်များတွင် အွန်လိုင်းသင်ကြားမှုများရပ်ဆိုင်းရန် ညွှန်ကြားချက်ထုတ်

တက္ကသိုလ်၊ ကောလိပ်များတွင် အွန်လိုင်းသင်ကြားမှုများရပ်ဆိုင်းရန် ညွှန်ကြားချက်ထုတ်

အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များအားလုံးတွင် အင်တာနက် အွန်လိုင်းမှတစ်ဆင့် သင်ကြားဆွေးနွေးမှုများပြုလုပ်ခြင်းကို ရပ်ဆိုင်းရန် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနက စက်တင်ဘာ ၉ ရက်က ထုတ်ပြန်သည့် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်တက်နေသည့်အတွက် လက်တွေ့ကွင်းဆင်းသုတေသနနှင့် သင်တန်းဆွေးနွေးမှုများကို အွန်လိုင်းမှတစ်ဆင့်ဆောင်ရွက်နေခြင်းကို ခေတ္တရပ်ဆိုင်းထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက မဇ္ဈိမကို ပြောသည်။

 “ကိုယ့်လပ်တော့နဲ့ တစ်ယောက်ချင်းဆို ကိစ္စမရှိဘူး။ အွန်လိုင်းက တစ်ချို့နေရာတွေကျတော့ အင်တာနက်အခက်အခဲကြောင့် အခန်းထဲမှာ ခြောက်ပေကွာပြီး လူသုံးဆယ်တို့၊ လေးဆယ်တို့ သွင်းပြီးလုပ်တာရှိတယ်။ အဲ့တာကြောင့်မလို့ ကျွန်တော်တို့ ပိတ်တာပါ။ အွန်လိုင်းသင်ကြားရေးအတွက် ဗီဒီရိုဖိုင်တွေ၊ ပါဝါပွိုင့်တွေ ရိုက်ကူးတာတွေလုပ်တယ်။ အဲ့ဒါတွေပါ အခုခဏပိတ်ထားရတယ်” ဟု ပြောသည်။

ပါမောက္ခချုပ်များကော်မတီမှ အပတ်စဉ်ပြုလုပ်လျှက်ရှိသည့် Zoom Application ဖြင့် Online Teaching Learning ၊ Learning Management System Training၊ Principle of Online Teaching learning အပါအဝင် ဒစ်ဂျစ်တယ်ပညာရေးပလက်ဖောင်းအသုံးပြု နည်းပညာ သင်တန်းများကိုပါ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဌ ဒေါက်တာဇော်ဝေစိုးက ပြောသည်။

 “ကျွန်တော်တို့ ဆေးတက္ကသိုလ်က ပါမောက္ခဆရာဝန်ကြီးဆယ်ယောက်ထိုင်နေတယ်ဆိုရင် အဲ့ဒီထဲက တစ်ယောက်မှာပိုးရှိနေတယ်ဆိုရင် ကျန်တဲ့သူတွေက ရောဂါမကူးရင်တောင် သဘောတရားအရ အလုပ်လုပ်လို့မရဘူး။ မြန်မာနိုင်ငံမှာအကြီးဆုံးဆရာဝန်ပါမောက္ခကြီး ၁၁ ယောက် အလုပ်မလုပ်ရဘဲ ဖြစ်သွားနိုင်တယ်။ ဒါ့ကြောင့် ဒါတွေကို လောလောဆယ်မလုပ်ဘူးဆိုပြီး ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါဆက်လက်ဖြစ်ပွားမှုအခြေအနေများကြောင့်  ပြီးခဲ့သည့် မတ်လကပင် ယာယီဆိုင်ငံ့ထားခဲ့သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များရှိ ဘွဲ့လွန်၊ ဘွဲ့ကြို သင်တန်းများကိုလည်း လတ်တလောတွင် ရောဂါကူးစက်ဖြစ်ပွားမှုမြင့်တက်နေသောကြောင့် ဆက်လက်ဆိုင်းငံ့ထားမည်ဖြစ်ကြောင်းအဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

“လောလောဆယ်အနေအထားအရ တက္ကသိုလ်တွေပြန်ဖွင့်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ကျွန်တော်တို့နိုင်ငံမှ မဟုတ်ပါဘူး။ အင်္ဂလန်မှာတောင် အွန်လိုင်းနဲ့ သင်ဖို့ ခက်ခဲနေပါသေးတယ်”ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူတစ်ဦးပြန်လည်တွေ့ရှိခဲ့ပြီးနောက် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်ကူးစက်မှုများများပြားလာခဲ့သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...