မြန်မာတွင် သြဂုတ်လအတွင်း Facebook သုံးစွဲသူ ၂ သန်းကျော် ရုတ်တရက် ကျဆင်း

မြန်မာတွင် သြဂုတ်လအတွင်း Facebook သုံးစွဲသူ ၂ သန်းကျော် ရုတ်တရက် ကျဆင်း

မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ ဦးရေသည် ပြီးခဲ့သည့် ဇူလိုင်လတွင် ၂၈ သန်းကျော်မှ သြဂုတ်လတွင် ၂၆ သန်းကျော်သို့ ကွာဟချက် ၂ သန်းကျော်မျှ ရုတ်တရက် အံ့သြဖွယ် ကျဆင်းသွားခဲ့သည်။

လှုမှုမီဒီယာ အချက်အလက်များကို စောင့်ကြည့်လေ့လာ ထုတ်ပြန်သည့် NapoleonCat.com ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူမှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ၂၈၅၀၀၀၀၀ ရှိပြီး အချိုးအား  ဖြင့် အမျိုးသမီး ၄၂ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသား ၅၇ ဒသမ ၃ ရာခိုင်နှုန်းဖြစ်သည်။ သို့သော် နောက်တစ်လဖြစ်သည့် သြဂုတ်လတွင် Facebook သုံးစွဲသူမှာ ၂၆၃၄၀၀၀၀ အထိ ကျဆင်းသွားသော်လည်း သုံးစွဲသူ အချိုးမှာ မပြောင်းလဲဘဲ အမျိုးသမီး ၄၂ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသား ၅၇ ဒသမ ၃ ရာခိုင်နှုန်းပင် ဖြစ်သည်။

Myanmar ICT for Development Organization (MIDO) က Co-founder နှင့် Program Director ဖြစ်သူ မဖြူဖြူသီက "Facebook အသုံးပြုတဲ့ အကောင့်အရေအတွက်က ပထမ ကိုဗစ်လှိုင်းကာလမှာ မြင့်တက်လာ တာ တွေ့ရပါတယ်။ ဒါပေမယ့် သတိထားမိတာက ဇူလိုင်လမှာ သိသိသာသာကြီး မြင့်တက်သွားတဲ့ figure တစ်ခုကို  သိသိသာသာ တွေ့ရပါတယ်။ သတိထားရမယ့် အချက်က ကိုဗစ်ကြောင့်လို့ ဆိုနိုင်ပေမယ့် ရွေးကောက်ပွဲလည်း ရှိတဲ့နှစ်ဖြစ်သလို၊ အကျပ်အတည်းမှာ အွန်လိုင်းက ငွေလိမ်တာ စတဲ့ အွန်လိုင်းကို အသုံးပြုပြီးလုပ်တဲ့ လိမ်လည်မှုတွေ များပြားလာတာတွေ စတဲ့ Case တွေ ရှိနေတာတွေကြောင့် ပလက်ဖောင်းကို အသုံးချပြီး တလွဲ အသုံးချတာ နိုင်တာတွေ ဖြစ်နိုင်တာတွေ ရှိနေနိုင်တာဆိုတာကတော့ သတိထားရမယ့် အရာလို့ထင်ပါတယ်” ဟု မဇ္စျိမသတင်းဌာနသို့ ပြောသည်။

ထူးခြားသည်မှာ လူမှုမီဒီယာ (social media) များအနက် Facebook တစ်ခုတွင်သာ သုံးစွဲသူဦးရေ ၂ သန်းကျော် ကွာဟလျော့နည်းသွားသော်လည်း အခြား ဆက်စပ် လူမှုဒီယာများဖြစ်သည့် Instagram, Messenger နှင့် Linkedin တို့တွင်မှု သုံးစွဲသူ ဦးရေ ဆက်လက် မြင့်တက်လျှက်ရှိသည်ကို မဇ္စျိမ သတင်းဌာန၏ စောင့်ကြည့်လေ့လာမှုများအရ တွေ့ရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက လူမှုမီဒီယာ သုံးစွဲသူ Facebook တွင် ၂၈၅၀၀၀၀၀ နှင့် Instagram တွင် ၉၅၅၅၀၀ ၊ Messenger တွင် ၂၃၆၁၀၀၀၀ ၊ Linkedin တွင် ၅၅၃၉၀၀ တို့နှင့် နှိုင်းယှဉ်နိုင်ပါသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ အတွင်းက လူမှုမီဒီယာ သုံးစွဲသူ Facebook တွင် ၂၆၃၄၀၀၀၀ အထိ ကျဆင်းသွားသော်လည်း Instagram တွင် ၁၀၄၈၃၀၀ ၊ Messenger တွင် ၂၅၀၃၀၀၀၀ ၊ Linkedin တွင် ၅၇၅၀၀၀ ထိုးတက်လာသည်ကို တွေ့ရသည်။

ဤကဲ့သို့ သုံးစွဲသူ သန်းချီ ကျဆင်းသွားခြင်းကို မြန်မာနိုင်ငံတွင် Team တစ်ခုထားရှိသည့် Facebook ကုမ္ပဏီအနေဖြင့် သတိမပြုမိဘဲ နေမည်မဟုတ်ဟုလည်း မဖြူဖြူသီက ပြောသည်။

“Facebook အနေနဲ့လည်း မြန်မာပြည်ကို ရွေးကောက်ပွဲနှစ်မို့ အထူးဂရုထား ဆောင်ရွက်နေတယ်လို့ ပြောထားတာလည်း ရှိနေတယ် ဆိုတာလည်း ရှိတော့ ဒါကို သတိထားမိတယ် ထင်ပါတယ်” ဟု မဖြူဖြူသီက ပြောသည်။

၂၀၂၀ ပြည့်နှစ် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်ထားမှုများနှင့် ပတ်သက်ပြီး Facebook လူမှုကွန်ရက်က ဩဂုတ်လ ၃၁ ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် အရေးပါသော အဆင့်မြှင့်မှုများ ပြုလုပ်ထားရာ အမုန်းစကားများနှင့် ပဋိပက္ခ လှုံ့ဆော်မှုများကို ရှာဖွေ၊ ဖယ်ရှားနိုင်စွမ်း တိုးမြှင့်နေခြင်း၊ အန္တရာယ်ရှိသော သတင်းမှားများ ပျံ့နှံ့မှုကို လျှော့ချရေး ဆက်လက်လုပ်ဆောင်မှုများ၊ မြန်မာနိုင်ငံတွင်း ပြည်သူ့အမြင် ကို ကြိုးကိုင်မည့် အစစ်အမှန်မဟုတ်သော ကွန်ရက်များကို ဖယ်ရှားခြင်းများ ပါဝင်ကြောင်း ဖော်ပြထားသည်။

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...