ရန်ကုန်ရှိ ကေတီဗီ ၂ ခုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူ

ရန်ကုန်ရှိ ကေတီဗီ ၂ ခုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူ

ရန်ကုန်မြို့အတွင်း ဖွင့်လှစ်ထားသည့် KTV  ဆိုင်နှစ်ဆိုင်မှ ဆိုင်ပိုင်ရှင် နှစ်ဦးနှင့် မန်နေဂျာနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃ဝ(က) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ LAX KTV နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပြည်ထောင်စုလမ်းရှိ Privacy KTV ဆိုင်နှစ်ဆိုင်ကို ကိုဗစ်ကူးစက်မှုထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို မလိုက်နာဘဲ ဖွင့်လှစ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က  “ကျွန်တော်တို့ မြောက်ဒဂုံမှာဆိုရင် ဒါဟာ ပထမဆုံးအကြိမ်ပါသွားပြီပေါ့နော်။ နောက်ထပ်လည်း ဆက်လက်ဆောင်ရွက်သွားမှာပါ။ အုပ်ချုပ်ရေးဌာနက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက အဲ့ဒီ KTV တွေအကုန်လုံးကို ခေါ်ပြီး သတိပေးထားတာရှိပါတယ်။ ညွှန်ကြားချက်နဲ့အညီပိတ်ပေးဖို့။ ပြီးမှ အခုလိုဖမ်းတာပါ” ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့နေပြည်သူများ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးစည်းကမ်းလိုက်နာမှုအားနည်းလာသော ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် တည်ဆဲ ဥပဒေများနှင့်အညီ ခပ်မာမာကိုင်တွယ်ရန်လိုအပ်ကြောင်း စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။ ကန့်သတ်ထားသည့်ကြားမှ တာဝန်မဲ့စွာဖွင့်လှစ်နေသည့် Night Club များကို ထိထိရောက်အရေးအရေးယူမည့်အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

သြဂုတ် ၁၆ ရက်နေ့က ရခိုင်ပြည်နယ်တွင်  ပြည်တွင်းကိုဗစ်ကူးစက်ဖြစ်ပွားမှုပြန်လည်တွေ့ရှိလာရပြီးနောက် ရန်ကုန်နှင့် အခြားတိုင်းဒေသကြီးပြည်နယ်များတွင်လည်း ကူးစက်ဖြစ်ပွားမှုများ ထပ်မံတွေ့ရှိလာရသည်။ စက်တင်ဘာလ ၄ ရက်နေ့နံနက်အထိ ပိုးတွေ့လူနာစုစုပေါင်း ၁၁၃၃ ဦးရှိလာပြီဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဧပြီလကတည်းက ထုတ်ပြန်ထားခဲ့သည့် ည ၁၂နာရီမှ မနက် ၄နာရီထိ ညမထွက်ရ အမိန့်အပါအဝင် အမိန့်ညွှန်ကြားချက်များကို လိုက်နာစေရေး အတွက် တင်းကြပ်ဆောင်ရွက်နေကြောင်း သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ညနှင့် စက်တင်ဘာလ ၃ ရက်နေ့ည နှစ်ကြိမ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ညမထွက်ရအမိန့်ချိုးဖောက်သောကြောင့် အရေးယူခံရသူပေါင်းမှာလည်း တစ်ထောင်နီးပါးရှိလာသည်။

ညမထွက်ရအမိန့်ချိုးဖောက်သောကြောင့် အမျိုးသား ၉၂၆ ဦးနှင့် အမျိုးသမီး ၄၅ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့်အရေးယူထားကြောင်း ထုတ်ပြန်ထားသည်။

အရေးယူခံထားရသူများအနေဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈အရ ညမထွက်ရ ဒေသန္တရအမိန့်ကို လိုက်နာရန်ပျက်ကွက်ကြောင်းပြစ်မှုထင်ရှားပါက ငွေဒဏ် ၂၀၀ကျပ်မှ ၁၀၀၀၀ကျပ်ဖြစ်စေ အလုပ်မဲ့ထောင်ဒဏ် တစ်လမှ ခြောက်လအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည် ဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...