ယာယီ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးဘော့စ်ကိုအား ခန့်အပ်

ယာယီ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးဘော့စ်ကိုအား ခန့်အပ်

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဖြုတ်ချလိုက်ပြီးနောက် လစ်လပ်သွားသော ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကို အားခေတ္တ တာဝန်ပူးတွဲပေးအပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ စက်တင်ဘာ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အမိန့်စာတွင် ပါရှိသည်။

ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရားများကို နိုင်ငံတော်ပိုင်စာရင်းမှ ဖျောက်ဖျက်ကာ ကိုယ်ကျိုးအတွက် သီးခြားရန်ပုံငွေ ဖွင့်လှစ်သုံးစွဲခဲ့မှုပါဝင်သော  စွပ်စွဲပြစ်တင်ကာ ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ် ချကြောင်း ပြည်နယ်လွှတ်တော်က စက်တင်ဘာ ၁ ရပ်နေ့က ဆုံးဖြတ်ခဲ့ခြင်းကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အတည်ပြုပေးခဲ့သည်။ ဦးအယ်လ်ဖောင်းရှိုကို တာဝန်မှရပ်စဲကြောင်း အမိန့်စာနှင့်အတူ ယာယီဝန်ကြီး ချုပ်ခန့်အပ်မှုကိုပါ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ဦးအယ်လ်ဖောင်းရှို ကို တာဝန်မှရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမိန့်စာတွင်  " ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၂) ပြည်ထောင်စုအစိုး ရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်များအရ" ဟု ပါရှိသည်။

အင်္ဂါနေ့က ကယားပြည်နယ်လွှတ်တော်၏ ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ်တွင် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်ပြီး မဲခွဲရာ စုစုပေါင်း မဲပေးခွင့်ရှိသူ ၂၀ ဦးအနက် ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် ဝန်ကြီးချုပ်အဖြစ်မှ ရပ်စဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ လွှတ်တော်ဥက္ကဋ္ဌကလည်း အတည်ပြုခဲ့သည်။

စွပ်စွဲပြစ်တင်မှုကို စုံစမ်းစစ်ရေးအဖွဲ့၏ အစီရင်ခံစာအား ဖတ်ကြားတင်ပြရာတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက "ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရားများကို နိုင်ငံတော်ပိုင်စာရင်းမှ ဖျောက်ဖျက်ကာ မိမိတစ်ဦးတည်း အကျိုးစီးပွားအတွက် သီးခြားရန်ပုံငွေ ဖွင့်လှစ်သုံးစွဲခြင်း၊ နိုင်ငံတော်မှချမှတ်ထားသော ဘတ်ဂျတ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်မှုမရှိခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ က ၅ ပါ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊ ကယားပြည်နယ်လွှတ်တော်မှ အတည်ပြုပြီး အဆိုဖြစ်သော နှစ်စဉ် ကယားပြည်နယ်နေ့ကျင်းပရာ မြေနေရာအား ကယားပြည်နယ်နေ့ကျင်းပရေးအတွက် အများပြည်သူပိုင်မြေနေရာအဖြစ် ထားရှိရေးတိုက်တွန်းကြောင်း အဆိုနှင့်ပက်သက်၍ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှု မရှိခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၂ က ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် လွှတ်တော်က အခါအားလျော်စွာချမှတ်ထားသည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်မှုမရှိခြင်းဟူ၍ စွဲချက်များဖြင့် တင်ပြလာသဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်သေများ၊ သက်ဆိုင်ရာအချက်အလက်၊ အထောက်အထားများအား စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးတွေ့ ရှိချက်များအရ ကယားပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်နေသော ဦအယ်လ်ဖောင်းရှိုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ခြုံငုံသုံးသပ်ရှိပါသည်'' ဟု ပါရှိသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...