“ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝင်၊ထွက် ပိတ်

“ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝင်၊ထွက် ပိတ်

ယခုရက်ပိုင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်လာသည့်အတွက် သျှမ်းပြည် အရှေ့ပိုင်း “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တွင် စက်တင်ဘာ (၁)ရက် မှ စတင်ကာ အဝင်၊ အထွက် ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် သြဂုတ် လလယ်မှ စတင်ကာ ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုနှုန်းမြင့်တက်လာသဖြင့် “ ဝ” ကိုယ်ပိုင်အုပ်ချုပ်ရ ဒေသ အား အဝင်၊ အထွက် ယာယီ ပိတ်လိုက်ခြင်းဖြစ်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေး (UWSA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ ကိုဗစ်-၁၉ ကို ကာကွယ်တဲ့အနေနဲ့ Lock Down လုပ်လိုက်တာပါ။ အရင်ကလည်း လုပ်တာရှိပါတယ်။ ဒီရက်ပိုင်း ရောဂါ ပိုမို တိုးပွားတဲ့အတွက်ကြောင့် ဂိတ်တွေ အသွား အလာပိတ်တဲ့သဘောပါ” ဟု ဦးညီရမ်း က ပြောသည်။

ယခုကဲ့သို့ပြုလုပ်ခြင်းသည် အဝင်၊အထွက် ကန့်သတ်လိုက်သည့် သဘောဖြစ်ကြောင်း လည်း ဦးညီရမ်းက ပြောသည်။

ဆက်လက်ပြီး ဦးညီရမ်း က “ ရွေးကောက်ပွဲကာလ “ဝ” ဒေသ အား Lock Down လုပ်ထားရဆဲဆိုပါက ဗဟိုဌာနချုပ်နှင့် အစိုးရ ဆွေးနွေးသည့်အပိုင်း သာဖြစ်ကြောင်း ” ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ စစ်အစိုးရသတ်မှတ်ပေးသော “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နှင့် ပန်ဆန်းမြို့နယ် တို့ပါဝင်ပါသည်။

လက်ရှိမှာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၀၅၈) ဦးထိ မြင့်တက်လာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...