ဒီဂရီကောလိပ်၊ ကောလိပ်များနှင့် တက္ကသိုလ်များကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်း

ဒီဂရီကောလိပ်၊ ကောလိပ်များနှင့် တက္ကသိုလ်များကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်း

ပညာရေးကောလိပ် ၂၅ ခု၊ ဒီဂရီကောလိပ်/ကောလိပ် ခြောက်ခုနှင့် တက္ကသိုလ် ၁၆ ခုတို့ကို ဝန်ထမ်းတိုးမြှင့်ခန့်ထားမှု အပါအဝင် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဩဂုတ်လ ၃၁ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

နှစ်နှစ်သင် ပညာရေးကောလိပ် ၂၅ ကျောင်းကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်အဆင့်၊ ဒီဂရီကောလိပ်/ကောလိပ် ခြောက်ကျောင်းကို တက္ကသိုလ်အဆင့်၊ တက္ကသိုလ် ၁၆ ခုတို့ကို မဟာဌာန ဖွဲ့စည်းပုံများ ပါဝင်သောတက္ကသိုလ်များ အဆင့်သို့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

တက္ကသိုလ်အဆင့်သို့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဒီဂရီကောလိပ်/ကောလိပ်ကျောင်း ခြောက်ကျောင်းမှာ မိုးညှင်း၊ တောင်ကုတ်၊ ဟားခါး၊ မြင်းခြံ၊ ရေနံချောင်းနှင့် မန္တလာတို့ ဖြစ်သည်။

ထို့အပြင် တက္ကသိုလ် ၁၆ ခုကိုလည်း အာဆီယံဒေသတွင်း နိုင်ငံများရှိ တက္ကသိုလ်များကဲ့သို့ မဟာဌာန ဖွဲ့စည်းပုံများ ပါဝင်သော တက္ကသိုလ်များအဆင့်သို့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဟာဌာနဖွဲ့စည်းပုံများ ပါဝင်သော တက္ကသိုလ်များအဆင့်သို့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သည့် တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း ပညာရေးတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန် နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (ရန်ကုန်)၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (မန္တလေး)၊ ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်တို့ ဖြစ်ကြသည်။

ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သည့်အတွက် အရာထမ်းရာထူး ၅၆၈၂ နေရာ၊ အမှုထမ်းရာထူး ၃၉၀၁ နေရာ ထပ်မံတိုးချဲ့ပြီး အရာထမ်းရာထူး ၆၂၁၇၁ နေရာ၊ အမှုထမ်းရာထူး ၈၄၆၃၃ နေရာ၊ စုစုပေါင်း ၁၄၆၈၀၄ နေရာ ရှိလာမည်ဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...