ရွေးကောက်ပွဲမတိုင်ခင် အမုန်းစကားနှင့် ပဋိပက္ခ သွေးထိုးရေး ဖယ်ရှားမှု စွမ်းရည် တိုးမြှင့်နေကြောင်း Facebook ထုတ်ပြန်

ရွေးကောက်ပွဲမတိုင်ခင် အမုန်းစကားနှင့် ပဋိပက္ခ သွေးထိုးရေး ဖယ်ရှားမှု စွမ်းရည် တိုးမြှင့်နေကြောင်း Facebook ထုတ်ပြန်

၂၀၂၀ ပြည့်နှစ် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်ထားမှုများနှင့် ပတ်သက်ပြီး Facebook လူမှုကွန်ရက်က ဩဂုတ်လ ၃၁ ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အရေးပါသော အဆင့်မြှင့်မှုများ ပြုလုပ်ထားရာတွင် အမုန်းစကားများနှင့် ပဋိပက္ခ လှုံ့ဆော်မှုများကို ရှာဖွေ၊ ဖယ်ရှားနိုင်စွမ်း တိုးမြှင့်နေခြင်း၊ အန္တရာယ်ရှိသော သတင်းမှားများ ပျံ့နှံ့မှုကို လျှော့ချရေး ဆက်လက်လုပ်ဆောင်မှု များ၊ မြန်မာနိုင်ငံတွင်း ပြည်သူ့အမြင်ကို ကြိုးကိုင်မည့် အစစ်အမှန်မဟုတ်သော ကွန်ရက်များကို ဖယ်ရှားခြင်းများပါဝင်ကြောင်း Facebook ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ထဲတွင် မဲဆန္ဒရှင်များကို အနှောင့်အယှက်ပေး၊ လွှမ်းမိုးချုပ်ကိုင်မည့် သတင်းမှားများ ဖယ်ရှားခြင်း၊ အမုန်းစကား တိုက်ဖျက်ရေး၊ မြန်မာနိုင်ငံတွင် လူမှုဆိုင်ရာကိစ္စများ၊ ရွေးကောက်ပွဲ သို့မဟုတ် နိုင်ငံရေးနှင့် ပတ်သက်သော ကြော်ငြာများကို နားလည်နိုင်ရေး ပိုမိုလွယ်ကူစေရန် လုပ်ဆောင်မှု၊ Facebook ရှိ Page များပိုမို ပွင့်လင်းမြင်သာရေး၊ သတင်းများပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ရေး၊ Messenger များကို forward လုပ် ပေးပို့မှု ကန့်သတ်ခြင်း၊ Third-party fact-checking ၊ ကြားဝင်စွက်ဖက်မှုများကို တားဆီးဟန့်တားရေးများနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားသည်။

၂၀၂၀ မြန်မာရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပရန် လျာထားသည်။ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ ၂၂ ဒသမ ၂ သန်းကျော်ရှိကြောင်း Internet World Stats ၏ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမုန်းစကား၊ သတင်းမှား၊ သွေးထိုးလှုံ့ဆော်မှုများကို ထိန်းချုပ်နိုင်ရန်လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ (SMMT) ကို မြန်မာအစိုးရကလည်း အစိုးရရန်ပုံငွေဖြင့် ထူထောင်ထားသည်။

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...