ရခိုင်ကို လေကြောင်းဖြင့် ခရီးသွားခဲ့သူများ သတင်းမပို့လျှင် ဥပဒေဖြင့် အရေးယူမည်

ရခိုင်ကို လေကြောင်းဖြင့် ခရီးသွားခဲ့သူများ သတင်းမပို့လျှင် ဥပဒေဖြင့် အရေးယူမည်

ရခိုင်ပြည်နယ်ရှိ ရောဂါကူးစက်ဖြစ်ပွားနေသော မြို့နယ်များသို့ သြဂုတ် ၁၀ ရက်နေ့ကစပြီးလေကြောင်းဖြင့် ခရီးသွားခဲ့သူများ မိမိအသိစိတ်ဓာတ်ဖြင့် သတင်းပေးပို့ရမည်ဖြစ်ပြီး မပို့လျှင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လတ်တလော COVID-19 ပိုးတွေ့လူနာအများစုသည် စစ်တွေမြို့တွင်နေထိုင်သူများနှင့် စစ်တွေမြို့နယ်သို့ ခရီးသွားခဲ့သူများဖြစ်နေသောကြောင့်  ရောဂါစစ်ဆေးမှုခံယူနိုင်ရန်ယခုကဲ့သို့ထုတ်ပြန်ရခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် “မိမိတွင်ရောဂါကူးစက်မှုရှိပါက အချိန်မီကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတစ်ဆင့် မိမိ၏ မိသားစုနှင့်နီးစပ်ရာများသို့ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သဖြင့် သတင်းပေးပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် နှင့် သတင်းပေးပို့ရန် ပျက်ကွက်သူများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည်” ဟု ပါရှိသည်။

သြဂုတ်လ ၁ဝ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့အထိ လေကြောင်းခရီးစဉ်ဖြင့် ရခိုင်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်  ပြည်နယ်များသို့ ရောက်ရှိသွားသူ ၅၇ဝဝ ကျော်ရှိကြောင်းနှင့် ၎င်းတို့ထဲမှအချို့မှာ COVID-19 ကူးစက်ခံထားရသူများဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကနေပြည်တော်တွင်ပြုလုပ်သောအစည်းအဝေးတွင်ထည့်သွင်းပြောကြားထားသည်။

ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းသန်းက “ လွတ်သွားတဲ့သူ မရှိအောင် ပြည်ထောင်စုက ဒီကနေ သြဂုတ်လ ၁ဝ ရက်နေ့နောက်ပိုင်းထွက်သွားသူတွေ သတင်းပို့ပါ၊ ကွာရန်တင်းကိုလာပါ၊ နှာခေါင်းတို့ပတ်စစ်ဆေးခံပါဆိုပြီး ကြေညာရတာ” ဟု ပြောသည်။

သြဂုတ်လ ၁ဝ ရက်နေ့မှစပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် လိုက်ပါခဲ့သူများ၏ အမည်စာရင်းများကိုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းတို့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများကို သတင်းပို့ကျန်းမာရေးစစ်ဆေးမှုခံယူရန်လိုအပ်မည်ဖြစ်ကြောင်း အသိပေးထားသည်။

ရခိုင်ပြည်နယ်မှခရီးသွားရာဇဝင်ရှိသူများအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ သတင်းပို့ကာ ကွာရန်တင်းဝင်နေကြသူများလည်းရှိနေသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...