ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာ ၉ ခု မျိုးဗီဇပြောင်းလဲနေကြောင်းတွေ့ရ

ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာ ၉ ခု မျိုးဗီဇပြောင်းလဲနေကြောင်းတွေ့ရ

ရခိုင်ပြည်နယ်တွင်  ကိုဗစ်အတည်ပြုလူနာများထဲမှ ဓာတ်ခွဲနမူနာကိုးခုကို  စစ်ဆေးရာတွင် ကိုးခုလုံးတွင် ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်း တစ်ခုပြောင်းလဲလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၃ရက်နေ့မှစတင်ကာ ဆေးသုတေသနဦးစီးဌာနမှ ရခိုင်ပြည်နယ်မှ ကိုးခု နှင့်  ပြည်တော်ပြန်အတည်ပြုလူနာထဲက တခု စုစုပေါင်း ၁၀ ခုကို စစ်ဆေးရာတွင် တွေ့ရှိခြင်းဖြစ်သည်။

COVID-19 ကူးစက်မှုမတွေ့ရှိမီ တစ်ပတ်ခန့်အလိုကစ၍ ရခိုင်မှ လေကြောင်းဖြင့် ထွက်ခွာသွားသူ ၅၇၀၀ ကျော်ရှိ

"ရခိုင်ကယူလာတဲ့ ကိုးခုစလုံးမှာဆိုရင် ဗိုင်းရပ်စ်ရဲ့ amino acid တစ်နေရာ sequence တစ်နေရာမှာဆိုရင် ပြောင်းလဲမှုတွေရှိနေတယ်။ ပြောင်းလဲမှုတွေရှိနေတဲ့ဟာက ဘယ်ဥစ္စာပြောင်းလဲတာလဲဆိုတာ တိတိကျကျ သိဖို့အတွက်ကတော့ လုံးဝ Genetic sequence က နောက်တစ်ရက်၊နှစ်ရက်ဆိုရင် လုံးဝပြီးမှာဖြစ်ပါတယ်။ အဲ့ကျရင်တော့ သေသေချာချာသိရမှာဖြစ်ပါတယ်။ လက်ရှိပြောင်းလဲနေတဲ့အနေထားအရ ကောက်ချက်ချရမယ်ဆိုရင်တော့ ဒါဟာသန္ဓေပြောင်း၊ ဗီဇပြောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်တယ်ဆိုပြီးတော့ မှန်းဆလို့ ရပါတယ်။ လက်ရှိမှာလည်း ဥရောပတို့ အမေရိကတို့မှာဆိုရင် ရောဂါဖြစ်ပွားမှုအများဆုံးက ဒီပိုးဖြစ်နေ တာကိုတွေ့ရ တယ်။အသွင်ပြောင်းပိုးဖြစ်တယ်။ ဘာဖြစ်လို့လဲ ။ဒါက ဖြစ်လို့ရှိရင် သူဟာ ကူးစက်မှုနှုန်းမြန် တယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ဖြစ်စဉ်နဲ့ ကိုက်ညီမှုရှိတာကို တွေ့ရပါတယ်" ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ယခင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် D614 မျိုးဗီဇဖြစ်ပြီး လက်ရှိတွေ့ရှိနေရသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် G614 သို့ မျိုးဗီဇပြောင်းလဲလာခြင်းဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာနထံမှ သိရသည်။

D614 မှ G614 သို့ မျိုးဗီဇပြောင်းသွားမည်ဆိုပါက ရောဂါကူးစက်နိုင်မှုမှာ ဆယ်ဆအထိ ပိုမြန်ဆန်စေသည်။ G614 အမျိုးအစားအဖြစ် ပြောင်းလဲလာမည်ဆိုပါက ကိုဗစ်ဒုတိယလှိုင်း ဖြစ်နိုင်ချေပိုများစေကြောင်းနှင့် ၎င်း ကိုရိုနာဗိုင်းရပ်စ်ပိုး G614 မျိုးဗီဇသည် မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာနထံမှ သိရသည်။

သို့သော် လက်ရှိဓာတ်ခွဲခဲ့သည့် ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာ ကိုးခုလုံးတွင် ပြောင်းလဲနေသည့် မျိုးဗီဇအစိတ် အပိုင်းအား တိတိကျကျမသိနိုင်သေးပေ။

ရခိုင်ပြည်နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နောက်ပိုင်းတွေ့ရှိရသည့် COVID-19 လူနာများတွင် ရောဂါလက္ခဏာတစ်စုံတရာမပြသဘဲ အမြင်အားဖြင့်နေကောင်းနေသူ ၇၉ ရာခိုင်နှုန်းအထိရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

"ရခိုင်ပြည်နယ်မှာ ရောဂါဖြစ်ပွားသူ ၂၃၈ယောက်ဖြစ်သွားပြီ။ အဲ့ဒီ ၂၃၈ယောက်လုံးဟာဆိုလို့ရှိရင် သူတို့မှာဆို ရောဂါလက္ခဏာက မပြဘူး။ ချောင်းဆိုးတာ၊ ဖျားတာ၊ မောပန်းတာ၊ အနံ့ရတာ၊မရတာ ဒါမျိုးလက္ခဏာမပြဘဲနဲ့ ရောဂါဖြစ်တဲ့သူတွေဟာဆိုလို့ရှိရင် ၇၉ရာခိုင်နှုန်းရှိပါတယ်။ ဒါ ဒီနေ့ထပ်တွေ့တဲ့ဟာတွေကိုတော့ ထပ်ကောက် မနုတ်ရသေးပါဘူး။ မနေ့ကအထိဆိုလို့ရှိရင် ၇၉ရာခိုင်နှုန်းရှိနေတာကို တွေ့ရပါတယ်။ ဒါဆိုရင် ငါးယောက်မှာ လေးယောက်ဟာ ရောဂါပိုးသာတွေ့တယ်။ ရောဂါလက္ခဏာမပြတဲ့ သဘောဖြစ်ပါတယ်။ ဒါဟာ အလွန်သတိ ထားရမှာဖြစ်ပါတယ်။ ကိုယ့်ဘေးနားကလူက တဟွတ်ဟွတ်နဲ့ ချောင်းဆိုးနေမယ်။ ဖျားနေမယ့်ပုံစံတွေ့ရမယ်။ သူက အနံ့အရသာ ငါတော့မရဘူး။ သူက COVID-19ရောဂါ ခံစားနေရသလားဆိုတဲ့ သံသယရှိပြီးတော့ သူက ရှောင်နိုင်ဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာမပြဘူး။သာမန် လူကောင်းအတိုင်းပဲ နေထိုင်စားသောက် သွားလာနေပေမယ့်လို့ သူဟာအကောင်းကြီးပဲ ဘာမှမဖြစ်ဘူးလို့မဟုတ်ဘူး။ သူ့မှာ ရောဂါလက္ခဏာရှိနေနိုင် တယ်"ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ဩဂုတ်လ ၁၀ ရက်မှ ၂၇ ရက်နေ့အတွင်း ရခိုင်ပြည်နယ်မှ လေကြောင်းခရီးစဉ်ဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိသွားသူ ငါးထောင်ခုနှစ်ရာကျော်ရှိပြီး ထိုသူများအနက် အချို့သည် COVID-19 ကူးစက်လျက်ရှိသူများဖြစ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်သို့ ဩဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်း ခရီးသွားရာဇဝင်ရှိခဲ့သူများအားလုံးသည် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ရက်မှစတင်ကာ ဒေသတွင်းကူးစက်မှုပြန်လည်ဖြစ်ပွားခဲ့ပြီး သြဂုတ် ၂၉ရက် နံနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် အ COVID-19တည်ပြုလူနာ ၂၃၈ဦးရှိကာ စစ်တွေမြို့တွင် ၁၄၃ဦး၊ မြောက်ဦးမြို့ တွင် ၁၈ဦး၊ မောင်တောမြို့တွင် ၁၉ဦး၊ ပေါက်တောမြို့တွင် ၁၄ဦး၊ ကျောက်ဖြူမြို့တွင် ကိုးဦး၊ သံတွဲမြို့တွင် ရှစ်ဦး၊ မြေပုံမြို့တွင် ခုနှစ်ဦး၊ ကျောက်တော်မြို့တွင် ခုနှစ်ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ခြောက်ဦး၊ မင်းပြားမြို့နယ် တွင် ငါးဦး၊ တောင်ကုတ်မြို့တွင် နှစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တစ်ဦးနှင့် ဂွမြို့တွင် တစ်ဦးတို့ဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...